ဖားကန့်မြို့ ဝှေခါကျေးရွာတွင် မြေပြိုကျမှု ဖြစ်ပွား

ဖားကန့်မြို့ ဝှေခါကျေးရွာတွင် မြေပြိုကျမှု ဖြစ်ပွား

ဖားကန့်မြို့နယ် ဝှေခါကျေးရွာရှိလူ၁၇၀ ကျော်ဆုံးခဲ့ရသည့်မြေစာပုံပြိုကျသည့် စုပေါင်းလုပ်ကွက်ဟောင်းနှင့်တစ်ဆက်တည်းတည်ရှိသောရပ်ကွက်တွင်ယနေ့ ဇူလိုင် ၂၀ရက် နံနက်အစောပိုင်းက မြေပြိုကျမှုထပ်မံဖြစ်ပွားခဲ့ ကြောင်း သိရသည်။

နေလည်ပိုင်းအထိ ဖားကန့်တွင် မြေစာပုံပြိုလို့ ရုပ်အလောင်း ၁၂၅လောင်းရှာဖွေရရှိထား

ထိုမြေပြိုမှုကြောင့်နေအိမ် ၁၄အိမ်ပြိုကျခဲ့ကာ လူငါးဦးပါသွားပေမယ့်ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေ။

ဆိပ်မူကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးရွှေသိန်းက "နံနက် ၃နာရီလောက်ကပေါ့။ မြေပြိုတဲ့နေရာကတော့ ဝှေခါကျေးရွာ ရပ်ကွက်(၂)‌ပေါ့။ ဈေးတန်းရှိတဲ့ရပ်ကွက်ပေါ့လေ။ ၂.၇.၂၀၂၀ရက်နေ့က မြေပြိုတဲ့နေရာနဲ့ဆို တစ်ဆက်တည်းနေရာလို့ ပြောလို့ရတာပေါ့နော်။ မြေပြိုတဲ့အချိန်မှာ ၁၄အိမ်လောက် မြေပြိုတဲ့အထဲမှာ ပါသွားတယ်။ လူဒဏ်ရာအနာတရ ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး။ ဒါပေမယ့် ငါးယောက်က တော့ ပြိုတုန်းကတော့ ပါသွားတယ်။ ဒါပေမယ့် ပြန်ပြီးတော့မှ အသက်ဘေးက လွတ်မြောက်လာတာပေါ့" ဟု ဆိုသည်။

ထိုနေရာရှိတစ်ချို့အိမ်များသည် ယခင်နှစ်ကတည်းက အိမ်ပြိုမည့်အနေအထားရှိနေသည့်အတွက် ရပ်ကွက်တွင်းနေထိုင်သူများနှင့် သက်ဆိုင်ရာရပ်မိရပ်ဖတို့က မြို့နယ်အုပ်ချုပ်ရေးမှူးအား အရေးယူဆောင်ရွက်ပေးရန် တင်ပြထားသည့်နေရာများဖြစ်ကြောင်း သိရသည်။

ဖားကန့်မှာ မြေစာပုံပြိုကျသေဆုံးသူ ၁၆၆ကျော်အထိရှိလာ

ဆိပ်မူကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးရွှေသိန်းက "သူတို့ ဒီလို ဝုန်းခနဲပြိုကျတာမျိုးမဟုတ်ဘူး။ ဝုန်းဆိုပြီးတော့ ဟိုးအောက်အထိပြုတ်ကျမသွားဘဲနဲ့ အလွှာလိုက် ပြုတ်ကျသွားတဲ့သဘောမျိုး ပေါ့လေ။ ဘရိတ် နည်းနည်းပါသလိုပေါ့"ဟု ဆိုသည်။

ထပ်မံအန္တရာယ်ရှိလာနိုင်သည့် နေအိမ်များအား သက်ဆိုင်ရာက ကူညီရွှေ့ပြောင်းပေးလျက်ရှိသည်။

မြေစာပုံပြိုကျမှုကြောင့် သေဆုံးခဲ့သူ ၁၆၉ ဦးထဲမှ ၆၀ ဦးရဲ့ ရုပ်အလောင်းတွေကို သဂြိုလ်

 ဦးရွှေသိန်းက "  မနှစ်ကတည်းကသာ သူတို့သာရွှေ့ပြောင်းလိုက်မယ်ဆိုရင် ဒီနေအိမ် ပြည်သူလူထုတွေဟာ နေအိမ်တွေရော၊ စားဝတ်နေရေးရော၊ စီးပွားရေးတွေရော အထိုင်ကျနေလောက်ပြီ။ အခုကကျတော့ ဒီပြိုတဲ့နေ ရာတွေက ဈေးနေရာဖြစ်တာပေါ့။ သူတို့ဟာ ပြိုမှရွှေ့ပြိုမှရွှေ့ဆိုတဲ့ အနေအထားမျိုးဖြစ်နေတဲ့အခါကျတော့ နာတာကတော့ ပြည်သူလူထုနစ်နာတယ်လို့ပြောချင်တာပေါ့နော်"ဟု ဆိုသည်။

ဇူလိုင် ၂ရက်နေ့ကလည်း ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်း နေရာများတွင် ရေမဆေးသမားများ ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေစဉ် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ကာ ထိုမြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၁၇၀ကျော် နွံနစ်သေဆုံးခဲ့ရသည်။

ထို့အပြင် ဇွန် ၂၃ရက်နေ့ကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာ၊ ဘွမ်နန်ကျေးရွာကြားရှိ အမြင့်ပေ ၃၀၀ ဝန်းကျင်ရှိသော စွန့်ပစ်မြေစာပုံ ပြိုကျမှုဖြစ်ပွားခဲ့ရာ သေဆုံး၊ ပျောက်ဆုံးသူများ ရှိခဲ့သည်။

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...