ရွေးကောက်ပွဲကျင့်ဝတ် CoC စောင့်ကြည့်ကြပ်မတ်ရေးကော်မတီဖွဲ့စည်းမည်

ရွေးကောက်ပွဲကျင့်ဝတ် CoC စောင့်ကြည့်ကြပ်မတ်ရေးကော်မတီဖွဲ့စည်းမည်

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလတွင်ကျင်းပမည်ဖြစ်သောကြာင့်  ဇွန်လ ၂၆ရက်နေ့က ထုတ်ပြန်လိုက်သည့် (Code Of Conduct) ကို လိုက်နာကြမည့်နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက်  စောင့်ကြည့်ကြပ်မတ်ရေးကော်မတီ တစ်ရပ်ဖွဲ့စည်းသွားရန် နိုင်ငံရေးပါတီ ၅၀ ကျော်က ဆွေးနွေးနေကြသည်။

 ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ လိုက်နာရန်ကျင့်ဝတ်ကို သဘောတူညီလက်မှတ်ရေးထိုးပြီးဖြစ်သည့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါဝင်သော ပါတီများ အစုအဖွဲ့က CoC ကြပ်မတ်ရေးကော်မတီကို ဇူလိုင် ၁၇ မှစတင်၍ ရန်ကုန်မြို့ မလီယာဟိုတယ်တွင် ဆွေးနွေးနေကြခြင်းဖြစ်သည်။

“ဒါက ကျင့်ဝတ်ပဲ၊ ရွေးကောက်ပွဲကြီးပျက်သွားတဲ့အထိတော့မဖြစ်လောက်ဘူး။ ပျက်သွားမယ်ဆို ရာဇာဝတ်ကြောင်းလာမယ်။ တရားမကြောင်းအရင်လာမယ်။ မတရားမဲ့ပြုကျင့်မှုတို့ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေလာမယ်။ အခုကဒီအဆင့်မျိုးမရောက်ပါဘူး။ ကျင့်ဝတ်ဆိုတာပြည်သူတွေကသိမယ်။ ပါတီတွေက ကျင့်ဝတ်သိပ်က္ခာရှိသလားမရှိသလား ဘယ်ပါတီကတော့ကျင့်ဝတ်သိက္ခာစောင့်ထိန်းတယ်။ ရွေးကောက်ပွဲကျင့်ဝတ် အဲဒါပါပဲ “ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အရန်ဗဟိုကော်မတီအဖွဲ့ဝင်ဖြစ်သူ ဦးကျော်ဟိုးက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ထူးခြားမှုဖြစ်သော (Code OF Conduct) အငြင်းပွားမှုတွင် ပင်မအတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် သူ၏မဟာမိတ်ပါတီ ၂၀ ကျော်က လက်မှတ်မထိုးဘဲနေသည်။

“ဒီကျင့်ဝတ်ဆိုတာကလည်း သူတို့ပြောသလို့ပေါ့ ၊ထိုးချင်လည်းထိုး ၊မထိုးချင်လည်းမထိုးတဲ့သဘောပဲ။ သူတို့သဘောထားကိုအသိအမှတ် ပြုရမှာပေါ့ ၊ ဘာမှတော့ပြောစရာမရှိပါဘူး။ အဓိက ထိုးတဲ့လူပေါ်ပဲမူတည်တယ်။ထိုးတဲ့လူက လိုက်နာမယ်။ ကျင့်သုံးမယ်၊စောင့်ထိန်းမယ် လို့သဘောထားပေးတာပဲ ။ထိုးတဲ့လူအချင်းချင်းစောင့်ထိန်းကြဖို့  ဒီသဘောပါ “ ဟု ဦးကျော်ဟိုး ကထပ်မံ ပြောသည်။

စောင့်ကြည့်ကြပ်မတ်ရေးကော်မတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တို့အကြား ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင်အပြန်အလှန် ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်းသိရသည်။

အဆိုပါကကော်မတီဖွဲ့စည်းမည့်အကြောင်းကိုလည်း ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားထားကြောင်းပြီးကော်မတီတွင် တာဝန်ယူမှုအပိုင်းကိုယနေ့အစည်းအဝေးအပြီးတွင်ဆုံးဖြတ်မည်ဖြစ်ကြောင်းသိရသည်။

ဒီကော်မတီအနေဖြင့် (Code OF Conduct) ကိုလက်မှတ်ရေးထိုးထားသောနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ ကိုရွေးကောက်ပွဲကာလစည်းရုံးရေး လုပ်ငန်းများအပေါ်သာစောင့်ကြည့် မည်ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...