ပုဒ်မ ၁၉ဖြင့် အမှုဖွင့်ခံထားရသည့် မောင်ဆောင်းခအမှုမှ တရားလိုပြသက်သေ မြို့နယ်ရဲမှူးကို စတင်စစ်ဆေး

ပုဒ်မ ၁၉ဖြင့် အမှုဖွင့်ခံထားရသည့် မောင်ဆောင်းခအမှုမှ တရားလိုပြသက်သေ မြို့နယ်ရဲမှူးကို စတင်စစ်ဆေး

ရန်ကုန်မြို့ ၊ဆူးလေးတံတားပေါ်မှာ  “အင်တာနက်ဖြတ်တောက်မှုအလိုမရှိ” စာသားပါ ပိတ်စများချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့သည့် မောင်ဆောင်းခကို ငြိမ်းစုစီဥပဒပုဒ်မ ၁၉နဲ့ တရားစွဲဆိုထားတဲ့အမှုမှာ တရားလိုပြသက်သေအဖြစ် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးသက်ကို တရားရုံးက စတင်စစ်ဆေးခဲ့ပါတယ်။

အမှုအတွက် တရားရင်ဆိုင်ရတဲ့ ဒုတိယမြောက်ရုံးချိန်းမှာ တရားရုံးက အခုလို တရားလိုပြသက်သေကိုစတင် စစ်ဆေးခဲ့တာဖြစ်ပြီး တရားလိုဘက်က တရားလိုပြသက်သေ ၆ ဦးကို တင်သွင်းထားပါတယ်။

တတိယမြောက်ရုံးချိန်းကိုတော့ ဇူလိုင် ၂၁ရက်မှာ ပြန်လည်ချိန်းဆိုထားတယ်လို့လည်း မောင်ဆောင်းခက ပြော ပါတယ်။

“ဒီနေ့က ကျောက်တံတားမြို့နယ်ရဲမှူးမျိုးသက်ကို စတင်စစ်ဆေးပါတယ်။ နောက်ရုံးချိန်းကို ၂၁ ရက်နေ့ ချိန်းထားပါတယ်။ စုစုပေါင်း တရားလိုပြသက်သေက ခြောက်ဦးစစ်မှာပါ” ဟု တရားစွဲဆိုခြင်းခံထားရသည့် မောင်းဆောင်းခ မဇ္ဈိမသတင်းဌာနကို ပြောပါတယ်။

အခုလို အမှုရင်ဆိုင်ရာမှာ တရားလိုဘက်က လိုပြသက်သေ ခြောက်ဦးတင်သွင်းထားတာဖြစ်ပေမယ့် ဘယ်လိုပုံစံမျိုးနဲ့ တရားရုံးကိုတင်သွင်းလာမယ်ဆိုတာကို ကြည့်ပြီး ခုခံချေပဖို့အတွက် ရှေ့နေနဲ့ ပြန်လည်တိုင် ပင်သွားမယ်လို့လည်း မောင်ဆောင်းခက ပြောပါတယ်။

“ သူတို့ဘက်ကနေ ဘယ်လိုတွေ တင်သွင်းလာမယ်ဆိုတာ အဲဒီအပေါ်ကြည့်ရမှာပါ။ တင်သွင်းချက်တွေပေါ်ကြည့် ပြီးတော့ ဘယ်လိုခုခံချေပမလဲဆိုတာ ရှေနေ့နဲ့ပြန်တိုင်ပင်ရမှာဖြစ်ပါတယ်။ “ ဟု ဒီကနေ့ ရုံးချိန်းအပြီးမှာ ဖြေဆိုခဲ့ပါတယ္။

အမှုအတွက် ပထမအကြိမ်ရုံးချိန်းကိုတော့ ဇူလိုင် ၈ရက်က ပြုလုပ်ခဲ့ပြီး အဲဒီရုံးချိန်းမှာတော့ အခုစွဲဆိုထားတဲ့ အမှုဟာ အမှုအသေးဖြစ်တဲ့အတွက် အမှုကို ရက် ၉၀ အတွင်းအပြီးသတ်လုပ်ဆောင်သွားဖို့ လုပ်ဆောင်ခဲ့တယ် လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နဲ့ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်တို့မှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ၊ ၂၁ ရက်နေ့ စတင်ပြီး အစိုးရက အင်တာနက်ဖြတ်တောက်ထားတာဟာ ၂၀၂၀ခုနှစ် ၊ ဇွန်လ ၂၁ရက်နေ့မှာ တစ်နှစ်ပြည့် မြောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတစ်နှစ်ပြည့်ဖြစ်တဲ့  ပြီးခဲ့တဲ့ ဇွန်လ ၂၁ရက်က ဆူးလေးတံတားပေါ်မှာ “အင်တာနက်ဖြတ်တောက်မှု အလိုမရှိ” စာသားပါ ပိတ်စတွေချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် မောင်ဆောင်းခအပါအဝင် ငါး ဦးကို ကျောက်တံတား မြို့မရဲစခန်းက ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ တရားစွဲဆိုခံထားရသူ ငါးဦးအနက် မောင်ဆောင်းခတစ်ဦးတည်းကိုသာ ကျောက်တံတားမြို့ နယ်တရားရုံးက ခေါ်ယူစစ်ဆေးနေတာဖြစ်ပြီး ကျန်တဲ့ လေးဦးကိုတော့ ရဲတပ်ဖွဲ့ကရှာဖွေစုံစမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...