ကုတင် ၅၀၀ဆံ့အထူးကုဆေးရုံကြီး မီးလောင်မှုမှာ သူနာပြုဆရာမတစ်ဦးကို အမှုဖွင့်ထား

ကုတင် ၅၀၀ဆံ့အထူးကုဆေးရုံကြီး မီးလောင်မှုမှာ သူနာပြုဆရာမတစ်ဦးကို အမှုဖွင့်ထား

ကုတင် ၅၀၀ဆံ့အထူးကုဆေးရုံကြီး မီးလောင်မှုနဲ့ပတ်သက်လို့ အဲကွန်းဖွင့်လှစ်ပြီး ရီမုခလုပ်ကိုင်ဆောင်ခဲ့တဲ့ အထက်တန်းသူနာပြုဆရာမတစ်ဦးကို တရားစွဲဖို့ ရဲစခန်းက ဆင့်ခေါ်စာပို့ထားတယ်လို့ သိရပါတယ်။

ဇွန်လ ၁ရက်က အဲကွန်းဝါယာကြိုးရှော့ဒ်ဖြစ်ပြီး မီးလောင်ခဲ့တဲ့ဖြစ်စဉ်ကြောင့် အဲဒီအထက်တန်းသူနာပြုဆရာမကို လမ်းမတော်မြို့မရဲစခန်းက ရာဇသကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားတာလည်း ဖြစ်ပါတယ်။

အဲဒီလို အမှုဖွင့်အရေးယူထားတဲ့အတွက် ဇွန်လ ၂၂ရက်မှာတော့ လမ်းမတော်မြို့နယ် တရားရုံးမှာ တရားစွဲတင် ပို့နိုင်ရေးအတွက် ရဲစခန်းက ဆင့်ခေါ်ခဲ့တာဖြစ်တယ်လို့ လည်း အဲဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးနေလက မဇ္ဈိမကို ပြောပါတယ်။

 “ ဒီနေ့ရက်စွဲနဲ့ တရားရုံးကို တရားစွဲဖို့ ဆင့်ခေါ်စာပို့တယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ တရားရုံးမှစောင့်တယ်။ သူနာပြုဆရာမလေးကတော့ ရဲစခန်းကိုသွားတယ်။ အဲဒီမှာ လှမ်းပြီး အကြောင်းကြားတာတော့ ဒီနေ့ တရားမစွဲဖြစ်ဘူးပြောတယ်။ ဘာကြောင့် တရားမစွဲဖြစ်တာလည်းတော့ ရဲစခန်းကပဲ သိပါလိမ့်မယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးနေလက မဇ္ဈိမသို့ပြောသည်။

ဒါပေမယ့် အဲဒီအထက်တန်းသူနာပြုဆရာမဟာ မီးလောင်မှုဖြစ်စဉ်မဖြစ်ပွားခင်မှာ တာဝန်ပြီးဆုံးတဲ့အတွက် အိမ်ပြန်သွားချိန်ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးနေလက ဆိုပါတယ်။

အဲဒီ မီးလောင်ခဲ့တဲ့အခန်းဟာ Agiography သွေးကြောရှာဖွေစမ်းသပ်တဲ့ ပုံရိပ်ဓာတ်မှန်ခန်း ဖြစ်တဲ့အတွက် အမြဲအအေးဓာတ်ပေးထားရတဲ့ အခန်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အထက်တန်းသူနာပြုဆရာမကို အမှုဖွင့်အရေးယူထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဟာ ထောင်ဒဏ်(၃)နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်တဲ့အပြင်  ငွေဒဏ်လည်းချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊လမ်းမတော်မြို့နယ်၊ ပြည်လမ်းနဲ့မင်းရဲကျော်စွာလမ်းထောင့်ရှိ ကုတင် (၅၀၀)ဆံ့ ဆေးရုံ မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားခဲ့စဉ်က လူနာအချို့ကို ဘေးလွတ်ရာကိုရွေ့ပြောင်းပေးခဲ့ရပြီး မီးလောင်မှု အဆင့် ၂ အဖြစ် သတ်မှတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Most read this week

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...