ဖက်ဒရယ်မြေယာစနစ်ကို ဖော်ဆောင်ဖို့ စိန်ခေါ်မှုတွေများနေ

ဖက်ဒရယ်မြေယာစနစ်ကို ဖော်ဆောင်ဖို့ စိန်ခေါ်မှုတွေများနေ

လက်ရှိအစိုးရရဲ့ယန္တယားတွေကဖက်ဒရယ်မြေယာစနစ်ကိုသွားဖို့ စိန်ခေါ်မှုတွေဖြစ်နေတဲ့အတွက် အစိုးရရဲ့ ယန္တယားတွေကိုကျော်လွန်နိုင်မှသာလျှင် ပြည်သူတွေလိုအပ်နေတဲ့ ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုစနစ်ကို သွားနိုင်မှာဖြစ်တယ်လို့ Kayah Earthrights Action Network ( KEAN) မှ စောအယ်စေးကပြောပါတယ်။

“ ကျတော် ပထမတစ်ချက်အနေနဲ့ ဒီဖက်ဒရယ်စနစ်လို့ပြောတဲ့ အချိန်မှာတော့ ကျတော်တို့ဒီပြည်နယ် တစ်ခုထဲမဟုတ်ဘူးပေါ့နော် ဒီတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စိန်ခေါ်ချက်ကြီးကြီးမားမားတွေ အများကြီးရှိတယ် ဘာဖြစ်လို့လဲဆိုတော့ လက်ရှိအစိုးရရဲ့ ဒီမြေနဲ့ပတ်သတ်တဲ့ ယန္တယားတွေက ဒါ ပထမဆုံးစိန်ခေါ်ချက် တစ်ခုဖြစ်တယ်။ ဒီယန္တယားတွေကိုကျော်လွန်ပြီးသွားမှဘဲကျတော်တို့ ဒီဖက်ဒရယ်မြေယာဒီစီမံခန့်ခွဲမှုစနစ်ပေါ့နော် ဒီအုပ်ချုပ်မှုစနစ်ကိုသွားနိုင်မှာ ဖြစ်တယ်။”လို့ စောအယ်စေးကပြောပါတယ်။

ဖက်ဒရယ်စနစ်လို့ပြောတဲ့အခါမှာကိုယ့်ဒေသအလိုက်၊ ကိုယ့်ပြည်နယ်အလိုက်၊ ကိုယ့် လူမျိုးစုအလိုက်ကစီမံပိုင်ခွင့်ရှိတာဖြစ်ပြီးတော့ အခုလက်ရှိ အစိုးရကျင့်သုံးနေတဲ့ ဗဟိုချုပ်ကိုင်မှုတွေ ဖြစ်တဲ့အတွက်ကြောင့်မလို့ ဖက်ဒရယ်မြေယာစနစ်ကို သွားဖို့မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

၂၀၁၂ခုနှစ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့်အစိုးရတို့ပြည်နယ်အဆင့် အပစ်အခတ်ရပ်ဆဲရေး နှစ်ဦးနှစ်ဖက် သဘောတူညီချက်စာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ အစိုးရအကြားမှာ လွှတ်တော်ပြင်ပကနေ သဘောတူညီမှုတွေ ရထားတဲ့အချက်တွေထဲမှာပြည်နယ်ရဲ့ မြေယာကိစ္စနဲ့ပတ်သတ်ပြီးတော့ ပါရှိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဥပဒေပြဌာန်းရတာဖြစ်တဲ့အတွက် ပြည်သူတွေကရွေးခြယ်တင်မြောက်လိုက်တဲ့ အရပ်သားအစိုးရတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကဖယ်ဒရယ် မြေယာဥပဒေကို ပြဌာန်းဖို့ ကြိုးစားသင့်တယ်လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ကိုဒီးဒီကပြောပါတယ်။

“အခုလက်ရှိထွက်လာတဲ့ ဥပဒေတွေနဲ့လက်ရှိလွှတ်တော်ကပြည်သူဘက်မှာမပါဘဲနဲ့အစိုးရရယ်၊ လုပ်ငန်းရှင်တွေပေါ့နော်၊ ကုမ္ပဏီတွေရယ် နောက်ရင်းနှီးမြှပ်နှံမှုကိုဘဲ မျက်နှာသာပေးတာပေါ့နော်။” လို့ ကိုဒီးဒီကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကလွိုင်ကော်မြို့ ပန်ကန်းရပ်ကွက် Kayah Earthrights Action Network ( KEAN) ရုံးမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း တိုင်းရင်းသားတွေရဲ့ ရိုးယာဓလေ့အရမြေယာ ပိုင်ဆိုင်မှုကိုအစိုးရအနေနဲ့ အသိအမှတ်ပြုမှုမရှိဘဲနဲ့ မြေယာသိမ်းဆည်းမှုတွေ၊ မြေယာပြသနာတွေဖြစ်နေတယ်လို့ ဆွေးနွေးသွားခဲ့ကြပါတယ်။

မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (MATA) ကယား(ကရင်နီ) ပြည်နယ်၏တာဝန်ခံခွန်းအန်းဂျေလိုက “ကရင်နီပြည်နယ်မှာမြေယာကမြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုတာမရှိပါဘူး အဲ့မြေကိုစီမံခန့်ခွဲမှုတစ်ခု ပြုလုပ်ခါနီးကဒေသခံလူထုနဲ့ တွေ့ဆုံဖို့သင့်ပါတယ်။” လို့ ပြောပါတယ်။

အရပ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ ကယား(ကရင်နီ)ပြည်နယ်မှာမြေလွတ်၊ မြေလပ်၊ မြေရိုင်း လုံးဝမရှိလို့ ပြည်နယ်အနှံ့မှာပိုစတာတွေ လိုက်ကပ်ထားတာကိုလဲအခုလက်ရှိမှာ အစိုးရအဖွဲ့တွေကပြန်လိုက် ဖြုတ်ထားခိုင်းတယ်လို့ သိရပါတယ်။

ကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေကနေပြီး ကရင်နီမြေယာမူဝါဒနှင့် ပတ်သက်ပြီးတော့လည်း ပြီးခဲ့တဲ့ နှစ်တွေမှာ သတင်းစာရှင်းလင်းပွဲတွေပြုလုပ်ခဲ့ကြပါသေးတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...