ရေဖြူမြေမြုပ်မိုင်းကိစ္စ လက်နက်ကိုင်အဖွဲ့များ တာဝန်ယူဖြေရှင်းရန် မွန်လူမှုအဖွဲ့များ တောင်းဆို

ရေဖြူမြေမြုပ်မိုင်းကိစ္စ လက်နက်ကိုင်အဖွဲ့များ တာဝန်ယူဖြေရှင်းရန် မွန်လူမှုအဖွဲ့များ တောင်းဆို

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်အတွင်းရှိ မြေမြုပ်မိုင်းများ ပြဿနာကို အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီး တာဝန်ယူဖြေရှင်းပေးရန် မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အား မွန်အရပ်ဖက် လူမှုအဖွဲ့အစည်းများ ကွန်ရက်က မေလ ၁၄ ရက်က စာပို့ တောင်းဆိုလိုက်သည်။

မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်မှ နိုင်မြင့်နိုင် က “ဒီပြဿနာကို သုံးပွင့်ဆိုင် ဆွေးနွေးဖြေရှင်း သင့်တယ်၊ သုံးပွင့်ဆိုင်ဆိုတာက အစိုးရယ်၊ ဒီဘက်မှာဆိုရင် KNU ရယ်၊ မွန်ပြည်သစ်ပါတီရယ် ဒီသုံးဖက် တွေ့ဆုံ ဖြေရှင်း မယ်ဆိုရင် ဒီပြဿနာ ရှင်းသွားမယ်” ဟု ပြောသည်။

မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားနေသည့်ဒေသသည် မွန်ပြည်သစ်ပါတီနှင့် KNU တို့ လှုပ်ရှားရာနယ်မြေ ဒေသ  ဖြစ်သည့်အတွက် အဆိုပါကိစ္စသည် မွန်ပြည်သစ်ပါတီနှင့် KNU တို့နှင့် အဓိက သက်ဆိုင်နေသည်ဟုလည်း မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်က ပြောသည်။

အဆိုပါမြေမြုပ်မိုင်းကိစ္စကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ငြိမ်းချမ်းရေး  လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့် အဆင့်ဆင့်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC) တို့ကိုလည်း မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်က စာပေးပို့ထားသည်။

မြေမြုပ်မိုင်းကိစ္စကို ဖြေရှင်းရန်အတွက် KNU နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ညှိနှိုင်း  နေဆဲဖြစ်သည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် နိုင်အောင်မငေး က “ကရင် (KNU) နဲ့ ဆွေးနွေးနေဆဲပါ၊ တခါတလေလည်း သူတို့ဘက်က အတွေ့မခံတာရှိတယ်၊ လောလော ဆယ်ကတော့ ဆွေးနွေးနိုင်ဖို့ (KNU) ကို တင်ပြထားတယ်၊ ဆွေးနွေးဖို့ရက် သတ်မှတ်ဖို့ကို ကြိုးစားနေဆဲပါ။”

ထို့အပြင် အစိုးရအားလည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ ဝိုင်းဝန်းဖြေရှင်းပေးရန် တင်ပြထားသည်ဟု နိုင်အောင်မငေး က ပြောသည်။

ရေဖြူမြို့ နယ်အတွင်း၌ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ၂၀၂၀ ခုနှစ် မေလ ၄ ရက်နေ့ထိ ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် ဥယျာဉ်ခြံ၊ ဒေသခံများ သွားလာနေသည့်လမ်းများပေါ် တွင် မြေမြုပ်မိုင်းနင်းမိမှု ၁၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒေသခံ မွန်တိုင်းရင်းသား ၉ ဦး ခြေလက်အင်္ဂါများ ဆုံးရှုံးခဲ့ရသည်။

ထို့အပြင် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တည်ရှိရာ ရေးမြို့ နယ် ရေးချောင်းဖျားဒေသဘက်တွင်လည်း မတ်လ အတွင်းက မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။

မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားနေသည့်ဒေသသည် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တို့ လှုပ်ရှားသွားလာနေသည့်ဒေသများ ဖြစ်ပြီး နှစ်ဘက်တပ်ဖွဲ့အကြား နယ်မြေ အငြင်းပွားမှု  ဖြစ်ပွားနေသည့် ဒေသလည်း ဖြစ်သည်။

မြေမြုပ်မိုင်းကိစ္စနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီဘက်က ၎င်းတို့ ထောင်ထားခြင်းမဟုတ်ကြောင်း  ငြင်းဆို ထားသလို KNU ဘက်ကလည်း ၎င်းတို့ ထောင်ထားသည့်မိုင်းမဟုတ်ကြောင်း ငြင်းဆိုထား ကြသည်။

မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
August 28, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ်...
 ဓါတ်ပုံ - (ပုံဟောင်း / Crd)
August 28, 2026
ရှမ်းပြည်တောင်ပိုင်းမှ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများသို့ ဆက်သွယ်ထားသည့် ပြည်ထောင်စု...
August 27, 2026
ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲခံထားရသည့် နေရာအနီးဝန်းကျင်ရှိ သီးနှံ၊ အစား...
ဓာတ်ပုံ - Crd
August 27, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်း အစပ်ရှိ ရွှေကူနှင့် ကသာမြို့နယ်များတွင် စစ်အုပ်စုတပ်၏...