တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်

တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်

တပ်မတော်နှင့် တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ မေလ ၁၃ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

မေလ ၉ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ COVID- 19 ထိန်းချုပ်ရေးကာလအတွင်း ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ထားပြီးနောက်ပိုင်း ပထမဆုံး အကြိမ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ဆို သည်။  

မေလ ၁၃ ရက်နေ့ (ယမန်နေ့) က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမှာ တပ်တော်က ထိုးစစ်ဆင်ခြင်းကြောင့် ဖြစ်သည်ဟု PSLF/TNLA ပြန်ကြား  ရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

“မနေက နေ့လည် ၁ နာရီ ဖြစ်တာကတော့ ဆယ်မိနစ်ဝန်း ကျင်  ပေါ့။ အဓိကကတော့ မိုးကုတ်မြို့နယ် ကျောင်းခမ်းရွာနဲ့ ဟိုဝိတ်ရွာကြားမှာ ကျနော်တို့အဖွဲ့က ဟိုဝိတ်ရွာ ဖက်မှာ ရှိတယ်။ တပ်ဖက်က ကျောင်းခမ်းဖက်မှ လာပြီးမှ ကျနော်တို့ ရှိတဲ့ဖက်ကို ထိုးစစ်ဆင် တိုက်ခိုက်ေ တာ့ မနက်ပိုင်းလောက် ဆယ်မိနစ် ပိုင်းလောက် ထိတွေ့မှုဖြစ်တာပေါ့။”

တပ်မတော်မှ မိုးမိတ် အခြေစိုက် ခလရ ၇၁/၁၄၈ တပ်များနှင့် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူး မိုင်း အိုက်ကျော် က ပြောသည်။

ထို့အပြင် တပ်မတော်မှ အပစ်ရပ်မကြေညာမီ မေလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင်လည်း မန်တုံမြို့နယ်နှင့် နမ့် ခမ်းမြို့နယ် အစပ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည် ဟု PSLF/TNLA က ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

၎င်းတို့၏ ညီနောင်မဟာမိတ်ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA ကိုးကန့်နယ်မြေဖက်တွင် စစ်ရေး တင်းမာမှုများ ဆက်လက်ရှိနေသည်ဟု ဗိုလ် မှူးမိုင်းအိုက်ကျော် က ဆက်ပြောသည်။

“တကယ့်တကယ် မြေပြင်မှာ ကျနော်တို့ဖက်ရော ကိုးကန့်ဖက်ရော တိုက်ပွဲက ထိတွေ့မှုပေါ့နော မနေ့က ပုံစံမျိုး ၄ ရက်နေ့ကပုံစံ ထိတွေ့မှု ကိစ္စတွေလည်း ရှိသေးတယ်။ နောက်ထိုးစစ်တွေက ဘာမှ ပြောင်းလဲတာ မရှိဘူး။ အရင်က အတိုင်းပဲ ဆက်ရှိနေတယ်။”

MNDAA ကိုးကန့်ဖက်မှ စစ်ရေးတင်းမာမှု အခြေအနေကို အသေးစိတ် မသိရှိသော်လည်း အဆိုပါ ဒေသ တွင် ရံဖန်ရံခါ တိုက်ပွဲများ ဖြစ်ပွားနေသေးသလို တပ်မတော်၏ ထိုးစစ်များရှိနေသေးသည်ကို သိရှိရ ကြောင်း PSLF/TNLA က ဆိုသည်။

တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းမှာ တပ်မတော်မှ ၎င်းတို့ လှုပ်ရှားရာ ဒေသသို့ ထိုးစစ်ဆင် တိုက် ခိုက်လာသည့်အတွက် မလွဲမရှောင်သည့် အခြေအနေအရ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု ညီနောင် မ ဟာမိတ် ၃ ဖွဲ့က ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့် အခြားတစ်ဖက်တွင် ညီနောင် မဟာမိတ် ၃ ဖွဲ့က COVID- 19 ရောဂါ ထိန်းချုပ် တားဆီးရေးနှင့် ရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ စတင်နိုင်ရန်အတွက် တပ်မတော်နှင့် အစိုးရမှ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့အား ကြိုတင်ကန့်သတ်ချက်များ မထားသည့် တစ်နိုင် ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကို ပြုလုပ်ရန် မေလ ၁၀ ရက်နေ့က ထုတ်ပြန် ချက်ဖြင့် တိုက်တွန်းတောင်းဆိုထားသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA ကိုးကန့်၊ ရက္ခိုင့်တပ်တော် ULA/AA၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ ကလည်း မေလ ၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ တဖက်သတ်အပစ်ခတ်ရပ်စဲကြောင်း ထုတ်ပြန် ထားသည်။

မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
August 28, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ်...
 ဓါတ်ပုံ - (ပုံဟောင်း / Crd)
August 28, 2026
ရှမ်းပြည်တောင်ပိုင်းမှ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများသို့ ဆက်သွယ်ထားသည့် ပြည်ထောင်စု...
August 27, 2026
ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲခံထားရသည့် နေရာအနီးဝန်းကျင်ရှိ သီးနှံ၊ အစား...
ဓာတ်ပုံ - Crd
August 27, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်း အစပ်ရှိ ရွှေကူနှင့် ကသာမြို့နယ်များတွင် စစ်အုပ်စုတပ်၏...