ရခိုင်မှာ အင်တာနက်ဖြတ်လို့ ဆန္ဒပြတဲ့ ကျောင်းသားတွေ လွတ်ပြီ

ရခိုင်မှာ အင်တာနက်ဖြတ်လို့ ဆန္ဒပြတဲ့ ကျောင်းသားတွေ လွတ်ပြီ

ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်မှုနှင့် ပတ်သက်ပြီး ဆန္ဒပြသဖြင့် ထောင်ကျနေသည့် ဗကသများအဖွဲ့ချုပ်က အဖွဲ့ဝင်များ ဧပြီလ ၃ရက်တွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

အင်တာဖြတ်တောက်မှုနှင့် ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားကျောင်းသူ (၇)ဦးကို ကမာရွတ် တရားရုံးက မတ်လ ၂၅ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်လ ကျမှတ်ခဲ့ခြင်းဖြစ်သည်။

ဗကသများအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ကိုအောင် ပြည့်စုံဖြိုးက “ ဒီနေ့ထောင်ကလွတ်ပါတယ်။ အဖွဲ့ချုပ်က ဆောင်ရွက်နေတဲ့ COVID-19 နဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပါဝင်သွားမယ်။ ဘာမှာတော့ မပြောချင်ဘူး ။ အင်းစိန်ထောင်မှာ COVID-19 လုပ်ဆောင်တာတွေတော့ သိပ်မတွေ့ရဘူး” ဟု မဇ္ဈိမသို့ ပြောသည်။

ထောင်ကျခံနေရသည့် ကျောင်းသားကျောင်းသူ(၇)ဦးအနက် ဗကသများအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ကိုအောင် ပြည့်စုံဖြိုး၊ ဘဏ္ဍာရေးမှူး ကိုနောင်ထက်အောင်၊ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ မအေးမြတ်မွန်ကျော်၊မနှင်း၊ ကိုဇော်ထက်နိုင်(ခ) ကိုစစ်နှင့် ရန်ကင်းပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကိုသုတစိုးတို့ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

 ထပ်တိုးဖမ်းဆီးခံထားရသည့် တောင်ငူတက္ကသိုလ်မှ ဗကသများအဖွဲ့ချုပ် ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုသက်တင်အောင်မှာ မကြာမီ ပြစ်ဒဏ်စေ့မည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်နှင့် အေအေလက်နက်ကိုင်အဖွဲ့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ဖြတ်တောက်ထားမှုကြောင့် ဒေသခံများနှင့် တိုက်ပွဲရှောင်ပြည်သူများအကြား ဆက်သွယ်ရေး အခက်အခဲဖြစ်နေသည်။

တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို ၂၀၁၉ ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်လိုင်း အသုံးပြုမှု ပထမအကြိမ် ဖြတ်တောက်ခဲ့သည်။ ယင်းတို့အနက်  ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ၂၀၁၉ စက်တင်ဘာလ ၁ ရက်တွင် အင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ၂၀၂၀ ဖေဖေါ်ဝါရီ  ၃ ရက်တွင် ဒုတိယအကြိမ် တကျော့ပြန် ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...