COVID-19 ကြောင့် ပြည်သူနှင့် ထိတွေ့ရေး ဒေါ်အောင်ဆန်းစုကြည် ဖေ့စ်ဘွတ်ခ်သုံးပြီ

COVID-19 ကြောင့် ပြည်သူနှင့် ထိတွေ့ရေး ဒေါ်အောင်ဆန်းစုကြည် ဖေ့စ်ဘွတ်ခ်သုံးပြီ

ချစ်မင်းထွန်း — ကမ္ဘာတဝန်းတွင် စိုးရိမ် ထိတ်လန့်စွာ ဖြစ်ပေါ်စေခဲ့သော အသက်ရှုလမ်းကြောင်း ပိတ်ဆို့ COVID-19 ရောဂါကို ကာကွယ်နိုင်ရန် ပြည်သူများနှင့် မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက်သွယ်နိုင်ရန်အတွက် ဖေ့စ်ဘွတ်ခ် အကောင့်ကို ဖွင့်လှစ် အသုံးပြုရခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်က “Facebook ကို သုံးဖို့ ဆန္ဒလုံးဝမရှိခဲ့ပါ။ ဒီအချိန်မှာ တော့ COVID-19 စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူ တွေနဲ့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက်သွယ် နိုင်ဖို့ သုံးလိုက်ပါတယ်”ဟု ရေးသားထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Aung San Suu Kyi ဆို နာမည်ဖြင့် ဖေ့စ်ဘွတ်ခ် အကောင့်တစ်ခုကိုယနေ့ ၂၀၂၀ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှာတော့ ပို့စ်တစ်ခု တင်ကာ ဖေ့စ်ဘွတ်ခ် သုံးစွဲသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်ကို တွေ့ရသည်။

အဆိုပါ ပို့စ် တင်ပြီး တစ်နာရီအတွင်း(၅ နာရီ ၁၀ မိနစ်အချိန်က)မှာပဲ Like လုပ်သူ ၈၂ ကေ(လူဦးရေ ၈၂၀၀၀ ဦး) ရှိပြီး ကော့မန်ရေး သားသူ ၁၃ ကေ (လူဦးရေး ၁၃၀၀၀ ဦး) ရှိသလို ပြန်လည် မျှဝေသူ (Share) ၂၀ ကေ (လူဦးရေ ၂၀၀၀၀ ဦး)ရှိသည်။

သမ္မတရုံးဝန်ကြီးဌာနတွင် လည်းကောင်း၊ အတိုင်ပင်ခံရုံးဝန်ကြီးဌာနတွင်လည်းကောင်း ညွန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ယူထားသည့် ဦးဇော်ဌေးကလည်း Aung San Suu Kyi ဆိုသော ဖေ့စ်ဘွတ်ခ် အကောင့်ကို Tag တွဲကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရားဝင် ဖေ့စ်ဘွတ်ခ် အကောင့်ဖြစ် ကြောင်း သူ၏ လူမှုကွန်ရက် စာမျက်နှာပေါ်ကတဆင့် ကြေညာခဲ့သည်။

ဦးဇော်ဌေးက “This is State Counsellor’s Official Facebook Account which is created in the time of COVID-19 pandemic moment”ဟု ရေးသား၍ ပြည်သူလူထုကို ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖေ့စ်ဘွတ်စတင်ပေါ်ပေါက်လာပြီး တစ်နာရီအတွင်းမှာပင် ဖေ့စ်ဘွတ်ဘလူးမတ်လည်း ရခဲ့သည်။

ယခုအခါ အသက် ၇၄ နှစ်ရှိပြီဖြစ်သော နိုင်ငံတော်အတိုင်ပင်ခံသည် ကွန်ပြူတာနှင့် အကျွမ်းတဝင်ဖြစ်မှုမှာ လွန်ခဲ့သော နှစ် ၃၀ ကျော်ကပင် စတင်ခဲ့သည်။ စစ်အစိုးရလက်ထက် အတိုက်အခံဘ၀ နေအိမ်အကျယ်ချုပ်မကျခင်ပင် ကွန်ပြူတာသုံးခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံသည် ကမ္ဘာ့ကပ်ရောဂါ COVID-19 ဂယက်ကို ခံစားနေရသော နိုင်ငံပေါင်း ၁၀၀ ကျော် ထဲမှ နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ပြည်သူလူထုအားလုံးက အစိုးရ၏ ပြင်ဆင်ဆောင်ရွက်မှုများကို အချိန်နှင့်တပြေးညီ သိလိုနေကြသည်။

 

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...