RCSS နှင့် တပ်မတော်ကြားက တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိဟုဆို

RCSS နှင့် တပ်မတော်ကြားက တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိဟုဆို

အုပ်မှူးဇော် — ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်အတွင်းမှာ ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ်လ ၁ ရက်ထိ ဖြစ်ပွားနေသော RCSS/ SSA နှင့် တပ်မတော် ကြားက တိုက်ပွဲအတွင်းတွင် နှစ်ဖက် ထိခိုက်ကျ ဆုံးမှုများ ရှိသည်ဟု RCSS/SSA မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။

အဆိုပါ တိုက်ပွဲသည် ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်၊ လွိုင်တောင်းတောင်ကြောမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းက စတင်၍ ယနေ့ချိန်ထိ တပ်မတော်နှင့် RCSS ကြား တိုက်ပွဲဖြစ်ပွားရာ RCSS/SSA ဘက်က ၄ ဦး ဒဏ်ရာရပြီး တပ်မတော် ဘက်ကလည်း ကျဆုံးမှုရှိကာ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိထားသည်ဟု ၎င်းက ပြောသည်။

RCSS/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက “နှစ်ဖက်အကျအဆုံးမှာ ကျွန်တော်တို့ဘက်က ၄ ယောက် ဒဏ်ရာရတာပေါ့၊ တပ်မတော်ဘက်ကတော့ ဗိုလ်ကြီးရော၊ ဗိုလ်မှူးရော၊ စစ်သားရော အကုန်လုံး အယောက် ၂၀ လောက် ကျဆုံးတယ်လို့ ကြားတာပဲ၊ တပ်မတော်ဘက်က လက်နက်တွေလည်း ကျွန်တော်တို့ ရထားတယ်” ဟုပြောသည်။

မိုင်းကိုင်မြို့နယ် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ကတော့ ထိခိုက် ဒဏ်ရာရမှုများ ရှိကြသည်ဟု ကြားရ ကြောင်း၊ သို့သော်လည်း  အတိအကျ မသိကြောင်း ပြောသည်။

“ဟုတ်တယ်ဗျ။ မနေ့ညနေ ပိုင်းကတည်းက ရဟတ်ယာဉ်တွေ သုံးတယ်၊ နောက်ပြီး ဗုံးတွေချတယ်။ ရွာကလည်း ပြော တယ်။ ရဟတ်ယာဉ် သုံးတာတွေ့တယ်ပေါ့။ ဓာတ်ပုံရိုက်ထားတာလည်း ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း သူတို့ဆီက တောင်းမကြည့်ခဲ့ဘူးလို့” ဟု ၎င်းက ပြောသည်။

ယနေ့ မတ်လ ၁ ရက်နေ့တွင်လည်း နံနက် ၆ နာရီခွဲကတည်းက နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားနေပြီး တပ်မတော်ဘက်က ရဟတ်ယာဉ် နှစ်စီးအသုံးပြုကာ ပစ်ခတ်မှုများ ရှိကြောင်း RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယ ဗိုလ် မှူးကြီး အုမ်ခေးက ပြော သည်။

ယခု ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ၂၁ ရာစု ပင်လုံ အစည်းအဝေး ကျင်းပနိုင်ရေးနှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် ဂယက်ရိုက်လာနိုင်ကြောင်း၊ တိုက်ပွဲမှာ မဖြစ်သင့်သည့် အချိန်အခါမှာ ဖြစ်လာခြင်းအပေါ်လည်း စိတ်မကောင်းဖြစ်မိ ကြောင်း  ၎င်းက ပြောသည်။

ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက “တပ်မတော်သားတွေ၊ စစ်သားတွေကတော့ သနားဖို့ကောင်းတာပေါ့နော် မဖြစ်သင့်တဲ့ မဖြစ်ကောင်းတဲ့ အချိန်အခါမျိုး ဆိုတော့”ဟု ပြောသည်။

ယခု တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ တပ်မတော်ဘက်က လူကြီးခရီးစဉ် ရှိသည့်အတွက် RCSS/SSA တပ်ဖွဲ့ဝင်များကို လွိုင်တောင်းတောင်ကြောကနေ နောက်ဆုတ်ပေးရန် ပြောလာသည့်အတွက် တောင်ထိပ်ဘက်သို့ ဆုတ်ခွာပေးခဲ့ သော်လည်း တိုက်ခိုက်မှု ပြုလုပ်လာခြင်းကြောင့်  စတင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု RCSS/SSA ဘက်က ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်သည် မူးယစ် သတင်းအရ သွားရောက်နေစဉ် RCSS နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သတင်းမီဒီယာများသို့ ပြောထား သည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး မဇ္ဈိမက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းကိုင် ဖြေခြင်းမရှိသည့်အတွက် တစ်စုံတစ်ရာ မသိရပေ။

လက်ရှိမှာတော့ တပ်မတော်နှင့် RCSS ကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ်အနီးရှိ ကျေးရွာ ၄ ရွာမှ အရပ်သား ၁၀၀၀ နီးပါး မိုင်းကိုင်နှင့် ကျေးသီး မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရသည်။

မိုင်းကိုင်မဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းပန်ကတော့ မိုင်းကိုင်ဘက်ကို ပြေးလာသည့် တိုက်ပွဲရှောင်များသည် နေရပ်သို့ ပြန်သွားကြပြီးဟု ပြောသလို ကျေးသီးမဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံမိဏ်းကတော့ ကျေးသီးမြို့ပေါ်မှာ တိုက်ပွဲရှောင် ၁၀၀ ကျော် ရှိသည်ဟု ဆိုသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...