နှစ်လအတွင်း ငွေကျပ် ၂၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နှစ်လအတွင်း ငွေကျပ် ၂၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ကာလတန်ကြေး ငွေကျပ် ၂၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြား ရေးအဖွဲံထံမှသိရသည်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ခန့်မှန်းမြန်မာကျပ်ငွေ တန်ဖိုး ၁၀ ဒသမ ၈ ဘီလီယံဖြင့် အများဆုံး သိမ်းဆည်းမိခဲ့ပြီး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတွင်  ခန့်မှန်း မြန်မာကျပ်ငွေ တန်ဖိုး ၉ ဒသမ ၉ ဘီလီယံဖြင့် ဒုတိယ အများဆုံးဖြစ်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “မများပါဘူး။ ပုံမှန်ပါပဲဗျ။ နှစ်လ၊ သုံးလအတွင်း ဒါထက် အလုံးအရင်းကြီးတဲ့ အချိန်ဆို ဒီထက်တောင် များပါသေးတယ်”ဟု ဆိုသည်။

၂၀၂၀ ပြည့်နှစ်ဆန်းပိုင်း နှစ်လအတွင်း စစ်ဌာနချုပ် နယ်မြေ ၄ ခုမှဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးစုစုပေါင်း၏ ငွေကြေးပမာဏမှာ မြန်မာကျပ်ငွေ ၂၅.၃ ဘီလီယံအထိ ရှိနေခြင်းဖြစ်သည်။ဖမ်းဆီးရမိမှုများထဲတွင် မူးယစ်ဆေးနှင့် စိတ်ကြွဆေးပြားများအများဆုံးဖြစ်သည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ EAO အဖွဲ့တွေ၊ EAO အဖွဲ့တွေဆိုတာတော့ လက်ရှိတရားမဝင် လက်နက်ကိုင်အဖွဲ့တွေပေါ့နော် တရားမဝင် လက်နက်ကိုင်တွေရဲ့ဟာတွေပါ။ သူတို့ပဲ ဆက်စပ်တာ များ ပါတယ်။ အများစုကတော့ အဲ့လိုပဲလို့ ကျွန်တော်ပြောလို့ရပါတယ်” ဟုပြော သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က စိတ်ကြွဆေးပြား လေးသန်းကျော်ကို ထိုင်းစစ်တပ်က ဖမ်းမိခဲ့ပြီး  မြန်မာနိုင်ငံ၊ ဝဒေသမှထုတ်သည်ဟု ထိုင်းအာဏာပိုင်မှ စွပ်စွဲခဲ့သေးသည်။

သို့သော်လည်း UWSA အနေဖြင့် ငြင်းပယ်ခဲ့ပြီး ၎င်းတို့အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို တက်တက်ကြွကြွလုပ် ဆောင်နေကြောင်း ပြောဆိုထားသည်။

အလားတူ AA၊ TNLA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များမှလည်း မူးယစ်ဆေးနှင့်မပတ်သက်ကြောင်းငြင်းဆိုထားကြပြီး မူးယစ် ဆေးတိုက်ဖြတ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြကြောင်း ၎င်းတို့တရားဝင် Website စာမျက်နှာများမှတစ်ဆင့်ဖော်ပြကြသည်။

ထို့အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်မှုအဖြစ် ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသည့် အခမ်းအနား များကိုလည်း နှစ်စဉ်ကျင်းပလေ့ရှိကြသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...