ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် တရုတ်နိုင်ငံသို့ မြန်မာက ဆန်လှူရန် စီစဉ်နေ

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် တရုတ်နိုင်ငံသို့ မြန်မာက ဆန်လှူရန် စီစဉ်နေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ရာနှင့်ချီ သေးဆုံးနေသည့် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံက စားနပ်ရိက္ခာအဖြစ် ဆန်လှူရန် စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်ဇံက ပြောသည်။

တရုတ်နိုင်ငံသည် လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ခြင်း မရှိသေးဘဲ ဖေဖော်ဝါရီလ ၄ ရက် တစ်ရက်တည်းမှာပဲ တရုတ်နိုင်ငံ ပြည်မကြီး၌ လူ ၆၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်ဇံက "အကူအညီဆိုတာက စိတ်ဓာတ်ရေးရာအရရော ကူညီပံ့ပိုးတာပါ။ နိုင်ငံတော် သမ္မတကြီးကလည်း စာနာထောက်ထားကြောင်း သဝဏ်လွှာ ပို့ထားတာရှိပါတယ်။

ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း တတ်နိုင်တဲ့ အင်အားလေးနဲ့ ကူညီမယ့် သဘောပါ၊ စားနပ်ရိက္ခာပေါ့။ ဆန်ကိုတော့ လှူဒါန်းဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့က လှူဖို့ ခွင့်ပြုချက် တင်ထားတာပေါ့၊ ခွင့်ပြုရင် နှစ်ဖက်ညှိနှိုင်းရမှာပေါ့။ သူတို့ဘက်က လက်ခံမလား၊ ဒီအတိုင်း တင်လို့မရဘူး၊ သင်္ဘောတင်ရမှာပေါ့၊ ဒါကတော့ ညှိနှိုင်းဆဲပါ။ အကောင်အထည် ဖော်ဖို့ စတော့ လုပ်နေပြီ”ဟု မဇ္ဈိမသို့ ပြောသည်။

ဆန်လှူဒါန်းနိုင်ရန်အတွက် ခွင့်ပြုချက်တင်ထားပြီး ခွင့်ပြုချက်ရပါက နှစ်ဖက်ညှိနှိုင်း၍ တရုတ်နိုင်ငံကို ရေကြောင်းမှ တင်ပို့နိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

တရုတ်နိုင်ငံသို့ မလေးရှားနိုင်ငံက ဆေးလက်အိတ်လှူဒါန်းထားသကဲ့သို့ ဂျပန်နိုင်ငံမှ mask နှင့် ကနေဒါနိုင်ငံမှ ကျန်းမာရေးဆိုင်ရာ အကာအကွယ်ပစ္စည်းများ လှူဒါန်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံတွင် လူပေါင်း ၄၉၀ သေဆုံးထားပြီဖြစ်သလို ရောဂါကူးစက်ခံထားရသူ ၂၄၀၀၀ ကျော် ရှိပြီဖြစ်ကာ နိုင်ငံပေါင်း ၂၀ ကျော်မှာ အဆိုပါ ဗိုင်းရပ်စ် ပြန့်နှံ့နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း လွိုင်ကော်မြို့နယ်ဆေးရုံ၊ မင်းပြားမြို့နယ်ဆေးရုံ၊ မြောက်ဥက္ကလာပမြို့နယ်မှ ဝေဘာဂီ ဆေးရုံ၊ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၊ တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံ၊ နမ္မတူမြို့နယ်ဆေးရုံ စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် သံသယလူနာ (၈)ဦးကို စောင့်ကြည်ကုသမှုများ ဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Most read this week

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...