ရသေ့တောင် ငစံဘော်မှ ရွာသားတစ်ဦး မိုင်းထိ သေဆုံး

ရသေ့တောင် ငစံဘော်မှ ရွာသားတစ်ဦး မိုင်းထိ သေဆုံး

ခိုင်လူလှ (ရိုးမမြေ) - ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ငစံဘော် (မုဆိုးချောင်း)  ကျေးရွာမှ လူကြီးတစ်ဦး ကျွဲရှာရန် သွားစဉ် မိုင်းထိပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ငစံဘော်ကျေးရွာမှ ဦးသိန်းဇောအောင်(ဘ)ဦးကျော်ခေါင် (၅၆) နှစ်ဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

ဦးသိန်းဇောအောင်သည် ဖေဖော်ဝါရီ ၂ ရက် နေ့လယ်က ငစံဘော်ကျေးရွာနှင့် အမျှက်တောင် ကျေးရွာကြားတွင် ကျွဲရှာရန် သွားစဉ် မိုင်းပေါက်ကွဲပြီး ခြေထောက်နှစ်ဖက်လုံးပြတ်သွားကာ သေဆုံးသွားခဲ့ခြင်းဟု ပြောဆိုသည်။

သူ၏ အလောင်းကို  ရသေ့တောင်မြို့သို့ ယူဆောင်ရန် ပြင်ဆင်နေကြောင်း ပြောကြားသည်။

အဆိုပါ အနီးဝန်းကျင်တွင် ယင်းမတိုင်မီနေ့ ဖေဖော်ဝါရီ ၁ ရက်က  မြန်မာ့တပ်မတော် စစ်ကြောင်း တစ်ခုနှင့် ရက္ခိုင့်တပ်တော်  ( AA ) တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...