ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း အမျှက်တောင်ကျေးရွာအနီးတွင် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကြောင်း တစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖေဖော်ဝါရီ ၁ ရက်တွင် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
၎င်းတိုက်ပွဲမှာ နံနက် ၁၀ နာရီကျော်မှ စတင်ပြီး မွန်းလွဲ ၂ နာရီကျော်ထိ ဖြစ်ပွားခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
“အကြီးအကျယ် ပစ်နေကြတာ။ ( မွန်းလွဲ ) ၂ နာရီကျော်လောက်မှ ရပ်သွားတယ်။ ဒါပေမဲ့ လက်နက်ကြီးပစ်တာက မတန့်သေးဘူး။ ရသေ့တောင်မြို့ပေါ် တပ်ရင်းတွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်နေကြတယ်။ တော်တော် ပြင်းထန်ပါတယ်” ဟု အမျှက်တောင် ဒေသခံ တစ်ဦးက ပြောသည်။
တိုက်ပွဲသည် အမျှက်တောင်ကျေးရွာမှ မြောက်ဘက်သို့ အထွက် တောင်တန်းအနီးတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။







