ခုခံတော်လှန်ရေးကာလအတွင်း ရှိနေဆဲဟု KNU ဥက္ကဋ္ဌ ကရင့်အမျိုးသားတော်လှန်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြ

ခုခံတော်လှန်ရေးကာလအတွင်း ရှိနေဆဲဟု KNU ဥက္ကဋ္ဌ ကရင့်အမျိုးသားတော်လှန်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြ

ကရင်အမျိုးသားအစည်းအရုံး (KNU )အနေဖြင့် လက်ရှိတွင် ခုခံတော်လှန်ရေးကာလအတွင်း၌သာ ရှိနေဆဲဖြစ်ကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက  ဇန်နဝါရီ ၃၁ ရက်တွင် ကျရောက်သည့် (၇၁) ကြိမ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့   ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ထို့အပြင် မိမိတို့ကရင်အမျိုးသားများ၏ မျှော်မှန်းချက်များ၊ နိုင်ငံရေးရည်မှန်းချက်နှင့် KNU ၏ နိုင်ငံရေးဦးတည်ချက်များကို ပြီးပြည့်စုံစေရန် အားဖြည့်လုပ်ဆောင်မှုများ၊ ပြင်ဆင်လုပ်ဆောင်မှုများနှင့် ရှေ့ဆက်ကြိုးပမ်းအားထုတ်မှုများကို မိမိတို့နှင့် နိုင်ငံရေးဦးတည်ချက် ကိုက်ညီသော တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် လက်တွဲလုပ်ဆောင်ရပါမည်ဟု ရေးသားထားသည်။

ကရင့်အမျိုးသားများ၏ ခုခံတော်လှန်ရေးသည် ကရင်အမျိုးသားတိုင်းနှင့် သက်ဆိုင်နေသောကြောင့် ကရင့်အမျိုးသားအယောက်စီတိုင်း ခုခံတော်လှန်ရေးကြီးတွင် ပါဝင်ကြိုးပမ်းအားထုတ်လျက် ကရင့်အမျိုးသားများ၏သမိုင်းကို အတူတကွပါဝင်ကြိုးစားအားထုတ်ကြရန် KNU ဥက္ကဋ္ဌက တိုက်တွန်းလိုက်သည်။

KNU အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ပါ သဘောတူညီချက်များအတိုင်း အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို အကောင်အထည်ဖော်ဆောင်လာခဲ့သည်မှာ (၄) နှစ်တိုင်ရှိခဲ့ပြီဖြစ်သော်လည်း အပစ်အခတ်ရပ်စဲရေးကိုခိုင်မာစေမည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို အပြည့်အဝအကောင်အထည်ဖော်နိုင်ခြင်းမရှိဟု ၎င်းကဆိုသည်။

ထို့အတူ ကရင့်တော်လှန်ရေး စတင်ချိန်မှယနေ့အချိန်ထိ အောင်မြင်သည့် အခြေအနေမရောက်နိုင်သေးသည့်အပြင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဘောင်အတွင်း သွားနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်သည်လည်း အောင်မြင်နိုင်သည့် နည်းလမ်းမဟုတ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက KNU တပ်မဟာ (၅) နယ်မြေ ဌာနချုပ်၌ ပြုလုပ်သည့် (၇၁) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် မိန့်ခွန်းထည့်သွင်းပြောကြားခဲ့သည်။

တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖဆပလ အစိုးရထံသို့ နိုင်ငံရေးနည်းလမ်းဖြင့် ကရင်အမျိုးသားများတောင်းဆိုမရရှိသဖြင့် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် KNU ဦးဆောင်၍ လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ခြင်းဖြစ်သည်။



May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...