တာချီလိတ်ထောက်ခံပွဲတာဝန်ရှိများ SNLD မြို့နယ်ရုံးသို့ ရောက်ရှိ တောင်းပန်

တာချီလိတ်ထောက်ခံပွဲတာဝန်ရှိများ SNLD မြို့နယ်ရုံးသို့ ရောက်ရှိ တောင်းပန်
Photos by SHAN/TCL
Photos by SHAN/TCL

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကျင်းပသော နိုင်ငံတကာတရားရုံးတက် နိုင်ငံတော် အတိုင် အပင်ခံ ဒေါ်အောင်ဆန်း စုကြည်အား ၀န်းရံထောက်ခံသည့်ပွဲအား SNLD ပါတီ၏ သဘောထားမပါဘဲ ပါတီအမည်အသုံးပြုမိမှုအတွက် တောင်းပန်ကြောင်း တာချီလိတ်မြို့နယ် ပါတီရုံးသို့ ပွဲကျင်းပရေး ကော်မတီက သွားရောက်ဝန်ချခဲ့သည်။

၂၀၁၉ ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီကျော်အချိန်က (ဒီဇင်ဘာလ ၁၀ ရက် ) ထောက်ခံပွဲ ကျင်းပရေးကော်မတီ ဥက္ကဌဒေါက်တာ မြင့်အောင် ၊ အလုပ်အမှုဆောင် ဒေါက်တာမြင့်ဆွေ နှင့် အတွင်းရေးမှူး ရှေ့နေ ဦးမျိုးမင်း တို့ သုံးဦး ရောက်ရှိလာကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်နေ့ တာချီလိတ်မြို့နယ် တွင် ကျင်းပသော ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ၀န်းရံပွဲအား ဦးဆောင် ကျင်းပသူများအနေဖြင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တာချီလိတ်မြို့နယ်ရုံးသို့ လာရောက် တောင်းပန်ခြင်းဖြစ်ကြောင်း ပြောသည်ဟုသိရသည်။

တာချီလိတ်မြို့ကျားခေါင်းပါတီရုံးသို့ လာရောက်တောင်းပန်သည့် ထောက်ခံပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ ဒေါက်တာ မြင့်ဆွေက – SNLD အမည်ပါ ဆိုင်းဘုတ်ပြားမှားယွင်း ကိုင်ဆောင်မှုအတွက် တောင်းပန်ကြောင်း ပြောကြားသည်။

ထောက်ခံပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ရှေ့နေ ဦးမျိုးမင်းက -“ ကျနော်တို့က ဖိတ်စာလဲ ဖိတ်ထား တယ်။ လာလို့ရှိရင်အဆင်ပြေအောင်ပေါ့။ ဘုတ်ပြားတခု ရှမ်းတိုင်းရင်းသားများ၊ နောက်တခုက ရှမ်းတိုင်းရင်းသားများ ဒီိမိုကရေစီအဖွဲ့ချုပ်ပေါ့ ။ ကလေးမလေးက ရှမ်းတိုင်းရင်းသားများ ဆိုတဲ့ ဆိုင်းဘုတ်ကို လာ ကိုင်မဲ့အစား ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်ကို မှားပြီးလာကိုင်မိတာ၊ အဲဒါ ပွဲမစခင်လေးမှာဘဲ ဖြစ်သွားတာ ” – ဟု ပြောသည်။

ထို့ပြင် ထောက်ခံပွဲ ဖြစ်မြောက်သည့် ကော်မတီ အဖွဲ့ဝင်များက တောင်းပန်စာ ကို SNLD ပါတီ ဗဟိုနှင့် တာချီလိတ်ရုံး ကို ပို့သွားမည် ဟု မဇ္ဇျိမ လူမှုကူညီရေး အသင်းထံမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ “ ကျနော်တို့ ဆန္ဒမပါဘဲ ကျနော်တို့ ပါတီ ဆိုင်းဘုတ်ကိုင်တာဟာ ပုံရိပ်ကို ထိခိုက်နစ်နာအောင် လုပ်သွားတယ်။ နောက်လာတောင်းပန်တဲ့အတွက် ဝမ်းသာပါတယ်။ ကိုယ့်အမှားကို သိပြီး လာတောင်းပန်တယ်” ဟု တာချီလိတ်မြို့နယ် ဥက္ကဌ စိုင်းနွံတွီ က သျှမ်းသံတော်ဆင့်အားပြောသည်။

(ဒီဇင်ဘာ ၁၀) ရက် နံနက်ပိုင်း က တာချီလိတ်မြို့ သျှမ်းရိုးမကွင်းတွင် ကျင်းပသည့် လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် ICJ တွင် တရားစွဲဆိုခံနေရသော မြန်မာနိုင်ငံ ကိုယ်စား နယ်သာနယ်နိုင်ငံ တဟိတ်မြို့တွင် ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံပွဲ၌ သျှမ်းရိုးရာဝတ်ဆင်သည့် အမျိုးသမီးတဦးသည် SNLD ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားခြင်းဖြစ်သည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...