ရွာငံ တွင် ကျပ်သိန်း ၄၆၀ ကျော် မူးယစ်ဆေး ဖမ်းဆီးရမိ

ရွာငံ တွင် ကျပ်သိန်း ၄၆၀ ကျော် မူးယစ်ဆေး ဖမ်းဆီးရမိ
Photo by မူးယစ်ရဲတပ်ဖွဲ့
Photo by မူးယစ်ရဲတပ်ဖွဲ့

သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် အတွင်း ကျပ်သိန်း ၄၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေး ကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂ရက် ၆နာရီခွဲ တွင် ရွာငံမြို့ နယ် ကျောက်ဂူပြင် ကျေးရွာ အနီး၌ အသက် ၃၂ အရွယ် စိုင်းအုန်းကျော်(ခ) အာလင် မောင်းနှင်းလာသည့် ကားပေါ်တွင် ကျပ်သိန်း ၄၆၀ကျော် မူးယစ်ဆေး ကို သိမ်းဆည်းရမိကြောင်း မူူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀၀ပြား( ကာလပေါက်ဈေး ၃၆၀သိန်း)၊ ရောင်စုံ ဆပ်ပြာခွက် များဖြင့် ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၇၂၆ ဂရမ် (ဒေသ ပေါက်ဈေး တန်ဖိုးငွေကျပ် ၁၀၈.၉သိန်း) နှင့် လက်ကိုင်ဖုန်း ၁လုံး တို့ကို သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် စိုင်းအုန်းကျော် အား ရွာငံမြို့မ ရဲစခန်း တွင် မူးယစ်ဆေးဝါး နှင် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...