နမ္မတူမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွား

နမ္မတူမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွား
Photo by ဒေသခံတဦး
Photo by ဒေသခံတဦး

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံ ကျေးရွာ အနီးတွင် ယနေ့( နိုဝင်ဘာ ၂၈) ရက် မနက် ၈နာရီ မှစတင်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ မနက် ၈နာရီ တွင် မြန်မာ့တပ်မတော် နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ( RCSS/SSA) တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မန်စံ ဒေသခံများ ပြောပြချက် အရသိရသည်။

“ ဒီနေ့ မနက် ၈နာရီ ကစ သေနတ်သံကြားရတယ်။ နေ့လည် ၁၁နာရီ ကျော်မှာတော့ အသံတိတ်သွားတယ်။ ကျနော်တို့ကြားတာကတော့ RCSS/SSA နဲ့ မြန်မာ့တပ် ဖြစ်တယ်လို့ ကြားတယ်” ဟု မန်စံ ဒေသခံ တဦးဖြစ်သည် စိုင်းစောလှ က ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် မန်ဝါကျေးရွာ နှင့် နားဟန်း ကျေးရွာ တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် ( RCSS/SSA) တို့ လှုပ်ရှားသည့်နေရာဖြစ်ပြီး၊ ထိုနေရာသည် မန်စံကျေးရွာနှင့် ၄မိုင်သာ ကွာဝေးကြောင်း စိုင်းစောလှ က ပြောသည်။

မြန်မာ့တပ်မတော် သည် RCSS/SSA တပ်စခန်း ရှိသည့် တောင်ကုန်း သို့ သွားစဉ် တပ်သားတဦး မိုင်းနင်းမိရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည် ဟုလည်း သိရသည်။

“ ဒီနေ့က မန်စံဈေးနေ့လည်းဖြစ်တယ်လေ။ သေနတ်သံတွေကြားတော့ ဈေးသည်တွေလည်း လန့်နေကြတယ်။ နမ္မတူ တပ်ဘက်ကနေလည်း လက်နက်ကြီးတွေ ပစ်နေတယ်” ဟု စိုင်းစောလှ က ပြောသည်။

မြန်မာ့တပ်မတော် စစ်ယာဉ်တန်းများသည် ယခုလ ၂၆ ရက် မှစတင်ကာ လားရှိုးဘက်မှ နမ္မတူ မြို့ဘက်သို့ တက်ကာ စစ်အင်အား တိုးချဲ့နေကြောင်းလည်း မန်စံဒေသခံများပြောသည်။

လက်ရှိ အချိန်ထိ စစ်ဘေးရှောင်များထွက်လာခြင်းမရှိသေးကြောင်း သိရသည်။

ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲ နှင့် ပတ်သက်ပြီး မြန်မာ့တပ်မတော် သတင်းမှန်ပြန်ကြားရေး နှင့် RCSS/SSA ပြောရေးဆိုခွင့် ရှိသူ ကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...