သီပေါမြို့နယ် နိုင်ငံခြားခရီးသွား ၂ဦး မိုင်းနင်းမိ၊ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

သီပေါမြို့နယ် နိုင်ငံခြားခရီးသွား ၂ဦး မိုင်းနင်းမိ၊ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ
နယ်စည်းမခြား ပရဟိတ (သီပေါ)/မိုင်းနင်းမိပြီး သေဆုံးသွားသည့် နိုင်ငံခြားသား တဦး ပုံ
နယ်စည်းမခြား ပရဟိတ (သီပေါ)/မိုင်းနင်းမိပြီး သေဆုံးသွားသည့် နိုင်ငံခြားသား တဦး ပုံ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တွင် ယနေ့ ညနေ ၅နာရီ ၌ နိုင်ငံခြား ခရီးသွား အမျိုးသား ၂ဦး မိုင်းနင်းမိကာ တစ်ဦး သေဆုံးပြီး ၊ တစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သီပေါမြို့နယ် ပန်ညောင်ကျေးရွာ နှင့် ကွန်ဟောက်ကျေးရွာ ကြားတွင် ကမ္ဘာလှည့် ခရီးသွား၂ဦးသည် ဆိုင်ကယ်ဖြင့် သွားလာရင်း မိုင်းနင်းမိကာ တစ်ဦးသေဆုံးပြီး ၊ တစ်ဦး ဒဏ်ရာရရှိကြောင်း နယ်စည်းမခြား ပရဟိတ (သီပေါ) မှ ကိုမျိုး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အခု သီပေါဆေးရုံရောက်ပါပြီ။ ဘယ်နိုင်ငံသားဆိုတာ ကတော့ သေချာမသိသေးဘူး” ဟု ကိုမျိုး က ပြောသည်။

ထိုနိုင်ငံခြားသာ ၂ဦး သွားသည့် နေရာသည် အန္တရာယ်ဇုံ အဖြစ်သတ်မှတ်ထားကာ မည်သည့် ဧည့်သည်ကို မှ ပေးမသွားကြောင်း သီပေါမြို့ဧည့်လမ်းညွှန် တဦးဖြစ်သည့် အစိုင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အဲ့လမ်းတွေက ကျနော်တို့ ပြည်တွင်းကလူတောင် သွားလို့မရဘူး။ ဘယ်သူမှ သွားလို့မရဘူး။ ပိတ်ထားတာ” ဟု အစိုင်း ကဆိုသည်။

ထို့ပြင် သီပေါမြို့ သို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွား အများစုသည် မိမိအစီစဉ်ဖြင့်သာ သွားရောက်လည်ပတ်မှု များကြောင်း၊ ပြည်တွင်း ဧည့်လမ်းညွှန်ကို ခေါ်ဆိုမှု နည်းကြောင်းလည်း ဧည့်လမ်းညွှန်များက ပြောဆိုသည်။

“တကယ်တမ်းတော့ ဧည့်လမ်းညွှန်မပါဘဲနဲ့ မသွားစေချင်ဘူး။ ဟိုတယ်မှာလည်း စာတွေကပ်ထားပါတယ်။ ကျနော်တို့ သွားအိပ်တဲ့ရွာတွေမှာလည်း စာတွေရေးကပ်ထားတယ်။ ဒါပေမယ့် သူတို့ က ပြောလို့မရဘူး။သွားနေကြတာပါပဲ” ဟု အစိုင်း က ထပ်လောင်းပြောသည်။

သီပေါမြို့နယ် အနီးပတ်ဝန်းကျင်တွင် စစ်ပဋိပက္ခများ မကြာခဏဖြစ်ပွားသည့်နေရာဖြစ်သည့် အတွက် ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်ပါက သတိဖြင့် သွားရန်လည်း လိုအပ်သည်။

ထိုနေရာ ပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်းများ ရှိသဖြင့် ခရီးသွား ဧည့်လမ်းညွှန်များ နယ်မြေ ကျွမ်းကျင်သူများ ပါမှ သွားရန်လည်း သီပေါ ဧည်လမ်းညွှန်များက ပြောဆိုလိုက်သည်။

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ်အတွင်း မြန်မာ့တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်များ လှုပ်ရှားသည့်နေရာဖြစ်ပြီး မြေမြုပ်မိုင်း များစွာ ရှိကြောင်းသိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...