ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါး ခရီးသွားလူထု လမ်းခရီးနှောင့်နှေးကြန့်ကြာရ

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါး ခရီးသွားလူထု လမ်းခရီးနှောင့်နှေးကြန့်ကြာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် တအာင်း  TNLA တပ်တို့ကြားတိုက်ပွဲဖြစ်ပွါးသဖြင့် ဒေသခံလူထု လမ်းခရီးပြတ်တောက်ကြန့်ကြာခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက် ယမန်နေ့က ည ၇ နာရီအချိန်ကစပြီး ကျောက်မဲမြို့နယ် ကွန်ကောက်အုပ်စု တော့ဖယ်ရွာအနီး အစိုးရတပ်နှင့် TNLA ကြား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွါးခဲ့သည့်အပြင် မိုင်းငေါ့မြို့နယ်ခွဲဘက်မှနေ၍ အစိုးရတပ်မှ လက်နက်ကြီးပစ်ခတ်သဖြင့် မိုင်းငေါ့ – ကျောက်မဲ ခရီးသွားလူထု ခရီးပြတ်တော့ကြန့်ကြာခဲ့ရကြောင်း မိုင်းငေါ့ဒေသခံ လုံးစိုင်းကပြောသည်။

“မနေ့က မနက်ပိုင်းကတည်းက အသံတွေကြားရတယ်။ တော့ဖယ်-ကွန်ကောက်ဘက်မှာပေါ့။ သေနတ်သံက ည ၇ နာရီလောက်မှာပိုမိုပြင်းထန်လာတယ်။ မိုင်းငေါ့ဘက်ကနေပစ်တဲ့အသံတွေလည်း  မနေ့က ၇ လုံး ၈ လုံးလောက်ကြားရတယ်။ ဒီနေ့လည်းကြားရတယ်။  မိုင်းငေါ့-ကျောက်မဲအသွားအလာတောင်မရှိဘူး ။ ကထိန်လှည့်အလှူပြုချိန်ဗျာ ဒေသခံလူထု အလှူတောင်ကောင်းကောင်းမပြုရတော့ဘူး။ ပစ်ခတ်တိုက်ခိုက်နေကြတာနဲ့ ” ဟု ကုန်သည်တဦးလည်းဖြစ်သော အသက် ၆၀ ကျော်အရွယ်လုံးစိုင်းက ပြောသည်။

တအာင်းပြန်ကြားရေးဌာနကမူ အစိုးရတပ်မတော်သည် တပ်မ ၇၇နှင့် ၈၈ လက်အောက်ခံတပ်များပူးပေါင်းကာ တော့ဖယ်ရွာဘက်တွင်လှုပ်ရှားနေသော တအာင်းတပ်ဖွဲ့၏ တပ်မဟာ ၇၆၅ အား ပစ်ခတ်တိုက်ခိုက်သည် ဟုထုတ်ပြန်ထားသည်။ အစိုးရတပ်သည် ကိန်းလီရွာဘက်မှ အင်အားဖြည့်တင်းကာ တော့ဖယ်ရွာဘက်သို့တက်လာကြောင်း ယမန်နေ့ကတည်းက ပစ်ခတ်မှုမှာ ပစ်လိုက်ရပ်လိုက်ဖြင့် ဖြစ်ပွါးနေပြီး ယနေ့အချိန်အထိ ၂ ဘက်တင်းမာနေဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းထွန်းဝင်းက – တိုက်ပွဲက ခုချိန်အထိ (နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၃ နာရီခန့်အထိ) ပစ်ခတ်သံတချက်တချက်ကြားမိတယ်။  တဖက်ဘဲပစ်တဲ့အသံဘဲ ကျနော်ကြားမိတယ်။   ခုချိန်ထိတော့ စစ်ဘေးရှောင်မရှိသေးပါဘူး- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အလားတူ ကွတ်ခိုင်မြို့နှင့်နမ့်ဆန်မြို့တို့ဘက်တွင်လည်းတိုက်ပွဲများဖြစ်ပွါးရာ အစိုးရတပ်ဖက်မှ လက်နက်ကြီးပစ်ခတ်မှုရှိခဲ့ကြောင်း နမ့်ဆန်မြို့နယ် လွယ်ပိန်းရွာဘက်တွင်လူထုနေအိမ်ပေါ် လက်နက်ကြီးကျမှုရှိခဲ့ကြောင်း သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...