Published
Monday, October 28, 2019
ငြိမ်းချမ်းရေးကော်မရှင်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အလွတ်သဘောတွေ့ဆုံ
တရားဝင်စတင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ရလဒ်ကောင်းတွေ ရရှိနိုင်ဖို့အတွက် အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ကချင်ပြည်နယ်ထဲမှာ ပဋိပက္ခတွေ၊ စစ်ရေးတင်းမာမှုတွေ ရှိနေသေးတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲကို နယ်မြေကန့်သတ်ခံရပြီး တစ်ပြည်နယ်လုံး အတိုင်းအတာအနေနဲ့ ကျင်းပခွင့်မရမှာကို စိုးရိမ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)က ပြောဆိုလိုက်ပါတယ်။
မွန်ပြည်နယ်ထဲမှာ စပါးဈေးကျဆင်းနေတာကြောင့် တောင်သူလယ်သမားတွေအနေနဲ့ လာမယ့်နှစ် စိုက်ပျိုးရာသီမှာ ထပ်မံစိုက်ပျိုးနိုင်ဖို့ အခက်အခဲရှိနေကြတယ်လို့ ပြောဆိုနေပါတယ်။






