ကျပ်သိန်းပေါင်း ၁၃၀၀ကျော် ထိန်းချုပ်ဓာတု သျှမ်းမြောက် တွင် ထပ်မံ ဖမ်းမိ၊ တရားခံ စုံစမ်းဆဲ

ကျပ်သိန်းပေါင်း ၁၃၀၀ကျော် ထိန်းချုပ်ဓာတု သျှမ်းမြောက် တွင် ထပ်မံ ဖမ်းမိ၊ တရားခံ စုံစမ်းဆဲ

သျှမ်းပြည်နယ် မြောက်ပိုင်း တွင် ကျပ်သိန်း ၁၃၀၀ ကျော် ထိန်းချုပ် ဓာတု ပစ္စည်းများထပ်မံ သိမ်းဆည်းရမိပြီး တရားခံ များ စုံစမ်းနေဆဲ ဟု သတင်းရရှိသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာတွင် အောက်တိုဘာ ၂၆ ရက် ည ၆နာရီခွဲ ၌ ကျပ်သိန်း ၁၃၀၀ ကျော် တန်ဖိုးရှိထိန်းချုပ် ဓာတုပစ္စည်းများ သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

မူဆယ်-လာရှိုးကားလမ်းပေါ်တွင် ရပ်တန့်ထားသည့် CANTER အမျိုးအစား ၆ ဘီးမော်တော်ယာဉ်ကို မသင်္ကာသဖြင့် မူးယစ်ရဲတပ်ဖွဲ့မှ သားရောက် စစ်ဆေးရာ ထိန်းချုပ် ဓာတုပစ္စည်းများဖြစ်သည့် တော်လူအင်း ၃၆၀၀ လီတာ (ဒေသ ကာလပေါက်ဈေး ကျပ်ငွေ ၄၅၀)သိန်း၊1 Phenyl 2 Propanone ၃၀၀ လီတာ(ဒေသကာလပေါက်ဈေး ကျပ်ငွေ ၁၈၀ သိန်း)၊ စက္ကူဂျပ်ဖာအတွင်း ပလတ်စတစ် အိတ်ဖြင့်ထည့်ထားသည့် ကဖင်းအလေးချိန် ၉၇၅ ကီလို(ဒေသကာလပေါက်ဈေး ကျပ်ငွေ ၇၃၁ သိန်း)တို့ကို သိမ်းဆည်းရမိကြောင်းသိရသည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်များကို လားရှိုးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အောက်တိုဘာ ၁၇ ရက်နေ့ကကျပ်သိန်းပေါင်း ၁ထောင်ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတု ပစ္စည်းကို သိမ်းဆည်းရမိခဲ့သေးသည်။

ထို ထိန်းချုပ် ဓာတု ပစ္စည်းများသည် မူးယစ်ဆေးဝါး များချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများဖြစ်ကြောင်း၊ ထို ဓာတု ပစ္စည်းများသည် များသောအားဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာကြောင်းလည်း သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...