ထိုင်း- မလေးရှားနယ်စပ် တောထဲတွင် မြန်မာနိုင်ငံသား ၁၃ ဦးကို ထိုင်းနယ်စပ်လုံခြုံရေးတပ်မှ ဖမ်းဆီး

ထိုင်း- မလေးရှားနယ်စပ် တောထဲတွင် မြန်မာနိုင်ငံသား ၁၃ ဦးကို ထိုင်းနယ်စပ်လုံခြုံရေးတပ်မှ ဖမ်းဆီး
Photo Credit to komchadluek
Photo Credit to komchadluek

ထိုင်း- မလေးရှား နယ်စပ် တောထဲတွင် မလေးရှားသို့ သွားကြမည့် မြန်မာ နိုင်ငံသား ၁၃ ဦး ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်း သတင်းစာများ ရေးသားချက် အရသိရသည်။

မလေးရှားသို့ တရားမဝင် ခိုးဝင်ကြမည့် မြန်မာနိုင်ငံသား ၁၃ ဦးတွင်  အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၃ ဦး ပါရှိကြောင်း၊ ထို ၁၃ ဦးသည် အဝတ်လက်ဆွဲအိတ်များ၊ အဝတ်သေတ္တာများဖြင့် ထိုင်း-မလေးရှားနယ်စပ် တောထဲတွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

၄င်းတို့အား အောက်တိုဘာလ ၂၁ ရက် ညပိုင်းက ထိုင်းနယ်စပ်လုံခြုံရေးစစ်တပ်ကဖမ်းဆီးမိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုတောထဲရှိ မြန်မာအလုပ်သမား ၁၃ ဦးကို စစ်ဆေးကြည့်ရာ  မှတ်ပုံတင် စာရွက်စာတမ်းမရှိ ၊ ခရီးသွားစာရွက် စာတမ်းမရှိ ဟုဆိုသဖြင့် ထိုင်းရဲတပ်ဖွဲ့ မှ ထပ်မံစစ်ဆေးသွားမည် ဟု သိရသည်။

ထို မြန်မာအလုပ်သမားများသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ပါက လစဉ် ရူပီ ၁၈၀၀ ( ဘတ် ၁၃၀၀၀ ခန့်၊ မြန်မာကျပ်ငွေဖြင့် ကာလပေါက်စျေး ၆သိန်း ခွဲ နီးပါး) ရရှိကြောင်း သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...