ထိုင်း-မြန်မာ နယ်စပ် ချင်းရိုင်းခရိုင် စစ်သားဟောင်းတဦး၏ကားအတွင်း စိတ်ကြွဆေးပြား ၁သန်းကျော် ဖမ်းဆီးရ

ထိုင်း-မြန်မာ နယ်စပ် ချင်းရိုင်းခရိုင် စစ်သားဟောင်းတဦး၏ကားအတွင်း စိတ်ကြွဆေးပြား ၁သန်းကျော် ဖမ်းဆီးရ
Photo Credit to Chiang Rai Report- မယ့်ကျန်းထိုင်းရဲများဖမ်းဆီးခြင်းခံရသည့် စစ်သားဟောင်း မစ္စတာ အဒီးဆတ်၏ကားအတွင်းပါ မူးယစ်ဆေးဝါးများ
Photo Credit to Chiang Rai Report- မယ့်ကျန်းထိုင်းရဲများဖမ်းဆီးခြင်းခံရသည့် စစ်သားဟောင်း မစ္စတာ အဒီးဆတ်၏ကားအတွင်းပါ မူးယစ်ဆေးဝါးများ

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ့်ကျန်း မြို့နယ်တွင် စိတ်ကြွဆေးပြား ၁ သန်းကျော် ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၀ ရက် ယနေ့မနက် ၉ နာရီက ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ့်ကျန်းမြို့နယ် ဒွယ်တွန်း(Doi Tung) ကားဂိတ် အနီး Bua Ban Resort တွင် အသက် ၄၃ နှစ် အရွယ် ရှိ Mr. Adisak (အဒီးဆတ်) နှင့် အသက် ၂၀ ရှိ Ms. Phattiya (ဖတ်သိယ) တို့မောင်းနှင်လာသည့် ကားပေါ်တွင် စိတ်ကြွဆေးပြားအရေအတွက် ၁ သန်း၂ သိန်း (၁၂၀၀၀၀၀) ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းစာများ ရေးသားချက်အရသိရသည်။

အဆိုပါ ဆေးပြားများ သယ်ဆောင်လာသည့် Mr.Adisak သည် ယခင်က ချင်းရိုင်ခရိုင် တွင် တာဝန်ကျဖူးသည့် စစ်သားဟောင်းတဦးဖြစ်ကြောင်း Chiang Rai Report သတင်းတွင်ရေးသားထားသည်။



Photo Credit to Chiang Rai Report- မစ္စတာ အဒီးဆတ်၏ကားအတွင်းပါ မူးယစ်ဆေးဝါးများ

စိတ်ကြွဆေးပြား များကို ခရီးဆောင် သေတ္တာ (၄)လုံး နှင့် ခရီးဆောင် လက်ဆွဲအိတ် (၂)လုံးထဲတွင် ထည့်လာကြောင်း၊ ထိုသို့ ခိုးသယ်လာသည်ကို မယ့်ကျန်းရဲတပ်ဖွဲ့ နှင့် စစ်တပ် မှ သတင်းရရှိထားသဖြင့် ဝင်ရောက်ဖမ်းဆီး စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းလည်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။

လက်ရှိမှာ ထို စိတ်ကြွဆေးပြားသယ်ဆောင်လာသည့် အမျိုးသား နှင့် အမျိုးသမီး ကို မယ့်ကျန်း ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးကာ နောက်ဆက်တွဲ ကွင်းဆက်များကိုလည်း ဖော်ထုတ်စစ်ဆေးသွားမည် ဟု သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...