ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ လိုအပ်လာရင်တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ လိုအပ်လာရင်တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်

ညမထွက်ရတဲ့အချိန်မှာ သွားလာတဲ့အတွက် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာက ကုန်တင်ကုန်ချအလုပ်သမားတစ်ယောက် သေနတ်ပစ်ခံရလို့ သေဆုံးသွားပါတယ်။ မိသားစုဝင်တွေကတော့ ညမထွက်ရတဲ့အချိန်မဟုတ်တော့ဘူးလို့ ပြောပါတယ်။

ကျောက်တော်မြို့နယ် မီးဝကျေးရွာဘုန်းကြီးကျောင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ် သံဃနာယကအဖွဲ့အတွင်းရေးမှူး ဆရာတော်ရဲ့ အဆုပ်ထဲကို ကျည်စဝင်သွားလို့ ရန်ကုန်ကို အရေးပေါ်ပို့ဆောင်ထားရပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ လိုအပ်လာရင် တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောပါတယ်။

April 24, 2026
- ချင်းအမျိုးသားတပ်ဦး(CNF)အပါအဝင် NCA လက်မှတ်ရေးထိုးထားတဲ့ EAOs အဖွဲ့တွေကို ဇူလိုင်လ ၃၁...
April 23, 2026
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ရှိ ခူဆွဲ့စစ်ရှောင်စခန်းနဲ့ ကလောထူလဲစစ်ရှောင်စခန်းမှာ...
April 22, 2026
- ဖားကန့်ဒေသမှာ သင်္ကြန်ကာလနောက်ပိုင်း တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာပါတယ်။ -...
April 22, 2026
- မင်းလက်ပံက အရှင်းလင်းခံလိုက်ရတဲ့ ကျားဖြန့်လုပ်ငန်းတွေ သေ့ဘောဘိုးဒေသဘက်မှာ ပြန်လည် အခြေချဖို့...