ကျိုက်မရောမြို့ နဝမတန်းကျောင်းသားခြောက်ဦးထံမှ မူးယစ်ဆေးဝါးတွေ့ရှိသတင်း မဟုတ်မမှန်ဟုကြောင်း ကျောင်းအုပ်ဆရာမကြီးငြင်းဆို

ကျိုက်မရောမြို့ နဝမတန်းကျောင်းသားခြောက်ဦးထံမှ မူးယစ်ဆေးဝါးတွေ့ရှိသတင်း မဟုတ်မမှန်ဟုကြောင်း ကျောင်းအုပ်ဆရာမကြီးငြင်းဆို
Photo- အထက ကျိုက်မရောမြို့(MNA)
Photo- အထက ကျိုက်မရောမြို့(MNA)

လူမှုကွန်ယက်စာမျက်နှာတွင် ယခုရက်ပိုင်းအတွင်း ပြန့်နှံ့သွားခဲ့သော မွန်ပြည်နယ်၊ ကျိုက်မရောမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ နဝမတန်းကျောင်းသား ခြောက်ဦးထံမှ မူးယစ်ဆေးဝါးတွေ့ရှိသတင်း မဟုတ်မမှန်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှသန်းက သတင်းမီဒီယာများကို ပြောသည်။

"ကလေးမိဘတွေရဲ့ အကူညီတောင်းမှုကြောင့် မိဘတွေနဲ့ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ အတန်းပိုင်ဆရာမတွေ ဘာသာပြဆရာမတွေနဲ့ အစည်းဝေးလုပ်တယ်။ ကလေးတွေက ကွမ်းစားဆေးလိပ်သောက်တော့ ကလေးမိဘတွေရဲ့ အကူညီတောင်းမှုကြောင့် မိဘတွေနဲ့ ဆွေးနွေးတာပါ။ ကလေးတွကိုလည်း ပြောဆိုဆုံးမတော့ ဒီကလေးတွေက နားလည်သွားတယ်။ ကလေးနှစ်ယောက်က သုံးလေးခါလောက် ဆေးသုံးထားဖူးတော့ သူ့တို့ ဆေးပြတ်ပါမယ်။ သူ့တို့ဆေးပြတ်ရင် သူ့တို့ကို ခွင့်ရက်ရှည်ပေးမယ်။ ကျောင်းလာပြန်တက်နိုင်တယ်။ သူ့တို့ကို ဆုံးမတယ်” ဟု ကျောင်းအုပ်ဆရာမကြီး က ဆိုသည်။

ကျောင်းသားအချို့သည် ကွမ်းယာက စားတတ်ခဲ့ဘူးဖြစ်ပြီး သူငယ်ချင်းများ စုမိပြီး အပြင်ဘက်တွင် အရက်သောက်ဖူးကြကြောင်း၊ မူးယစ်ဆေးဝါးကို ကျောင်းအတွင်း ဖမ်းဆီးမိခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

“အဲတာကို ဘယ်လိုသတင်းပေါက်ကြားလဲ မသိဘူး။ ကျောင်းမှာ ဆေးမိတာ မဟုတ်ဘူး။ ဆီးလဲမစစ်ရပါဘူး သတင်းမှားနေတယ်။  ဆရာဆရာမတွေကို ခေါ်ပြီးသက်သေပြခိုင်းလိုရပါတယ်"ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်လှသန်းက ဆက်ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ကျိုက်မရော/မုဒုံ သတင်းစုံ Facebook လူမှုကွန်ယက်စာမျက်နှာတွင် ကျိုက်မရောမြို့ အ.ထ.ကကျောင်း နဝမတန်း ကျောင်းသား ၆ ဦးထံမှ မူးယစ်ဆေဝါးတွေ့ရှိသဖြင့် ကျိုက်မရောဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု ရေးသားထားသည်။

အဆိုပါကျောင်းသား ၆ ဦးအား မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ မရှိ စစ်ဆေးရာ သုံးစွဲထားကြောင်း အဖြေထွက်ရှိသဖြင့် ၎င်းတို့၏ မိဘများအား ခေါ်ယူတွေ့မည်ဖြစ်ကြောင်း၊ လွန်ခဲ့သော တစ်ပတ်ခန့်ကလည်း ကျောင်းသားတစ်ဦးထံမှ ၆ လက်မအရှည်ရှိ ဓါးမြှောင်တစ်ချောင်းပါတွေ့ရှိခဲ့ဖူးသဖြင့် အခြားသော ကျောင်းသားမိဘများ မိမိတို့၏ ကျောင်းနေကလေးများ အတွက်ပါ စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိပါသည် ဟု ရေးသားဖော်ပြသည်။

ယင်းကဲ့သို့ လူမှုကွန်ယက်အင်တာနက်စာမျက်နှာပေါ်တွင် မဟုတ်မမှန် သတင်းပျံ့နှံ့စေခဲ့သဖြင့် လိုအပ်သလို ဆောင်ရွက်နိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့ထံ စာရေးသားပေးပို့ထားကြောင်း ပညာရေးအသိုင်းဝိုင်းထံမှ သိရသည်။

သို့ရာတွင် မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းရာတွင် ကြိုတင်ကာကွယ်ရေးသည် အဓိကကျသည့် အချက် တစ်ချက်ဖြစ်သည့်အတွက် မူးယစ်ဆေးဝါးများ အန္တရာယ် အသိပညာပေးရန်နှင့် လိုက်နာကျင့်သုံးရန် ကလေးအရွယ်မှ အစပြု၍ ကျောင်းနေအရွယ် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် ပညာသင်ကြားနေသည့် အရွယ်အထိ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။

May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...