ကွမ်လှာရွာသားများ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ

ကွမ်လှာရွာသားများ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ
ကွမ်လှာရွာသားများ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြနေစဉ်(MNA)
ကွမ်လှာရွာသားများ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြနေစဉ်(MNA)

မတရားဖိနှိပ်ချုပ်ခြယ်ပြီး တရားမျှတမှုမရှိသော ကျေးရွာအုပ်ချုပ်ရေးမှူးအား ထိရောက်စွာအရေးယူပေးပါရန် ကွမ်လှာရွာသား ၉၀ ခန့်က ဗီနိုင်းပိုစတာကြွေးကျော်သံများဖြင့် မုဒုံမြို့ ကန်သာယာပန်းခြံ၌ ယနေ့နံနက်ပိုင်းတွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

မုဒုံမြို့နယ် ကွမ်လှာကျေးရွာ၊ ဖောင်ကလရပ်ကွက်သားများ ဇန်နဝါရီလအတွင်းက စိုက်ထူထားသည့် လမ်းညွှန်ဆိုင်းဘုတ်များ နှုတ်ပစ်ခဲ့သည်ကို ကျေးရွာအုပ်ချုပ်ရေးမှူး အရေးယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဆန္ဒပြသူတစ်ဦးက ပြောသည်။

“ကော်မတီနဲ့ ဆွေးနွေးပြီးရင် လမ်းညွှန်ဆိုင်းဘုတ်တွေပြန်စိုက်ပါ၊ အဲဒါကို အစကတည်းက လက်မခံတာ၊ ထိရောက်စွာအရေးယူပေးဖို့ကို ကျွန်မတို့ပြောထားပါတယ်၊ ကျွန်မတို့ရပ်မိရပ်ဖတွေတိုင်ပင်တဲ့အချိန်မှာ ရွာသားတွေက ဒီလိုမျိုးလုပ်ချင်တယ်ဆိုလို့ ဆန္ဒပြရတာပါ”ဟု ဆန္ဒပြသူ ဒေါ်သန်းဌေးက ဆိုသည်။

အဆိုပါဆန္ဒပြပွဲမှာ တရားမျှတမှုမရှိသော ကွမ်လှာအုပ်ချုပ်ရေးမှူး အလိုမရှိ၊ အများပိုင်ပစ္စည်း အလွဲသုံးစားပြုသော ကွမ်လှာအုပ်ချုပ်ရေးမှူး အလိုမရှိ၊ ထက်မြက်ပြီး အရည်အချင်းရှိသော ကွမ်လှာအုပ်ချုပ်ရေးမှူး ခန့်ထားပေးရေး ဒို့အရေး စသည့် ကြွေးကြော်သံ ၅ ခုဖြင့် ကြွေးကြော်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရပ်ကွက်မှာ လမ်းညွှန်ဆိုင်းဘုတ် ၇ ခုရှိတယ် လမ်းမကြီးကို ဓမ္မစေတီပေးထားတယ်၊ ကျန်တာတွေကို ကျွန်တော်တို့အရပ်လူကြီးတွေက ဖောင်ကလ ၁၊ ၂ အဲလိုပဲထည့်ထားတယ် သူတို့က ၅ တိုင်ဖြုတ်လိုက်တယ် ၂ တိုင်ပဲကျန်နေတယ်”ဟု ဒေသခံ နိုင်အောင်းက ပြောသည်။

အဆိုပါ ဖြုတ်နှုတ်လိုက်သော လမ်းညွန်ဆိုင်းဘုတ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်း၌ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယင်းဖြစ်စဉ်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးအား အရေးယူပေးရန် လွန်ခဲ့သည့်ဖေဖော်ဝါရီအလအတွင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်ထံလိပ်မူ၍ သက်ဆိုင်ရာဌာန ၊ လွှတ်တော်ကိုယ်စားလှယ်များထံ ရွာသား ၁၅၀ ဦးခန့် လက်မှတ်ရေးထိုတိုင်တန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...