အာရှလမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်း တတိယအကြိမ်လျော်ကြေး ကျပ်သိန်း ၄ထောင်ကျော်ပေး

အာရှလမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်း တတိယအကြိမ်လျော်ကြေး ကျပ်သိန်း ၄ထောင်ကျော်ပေး

ကရင်ပြည်နယ် အိန္ဒု – ကော့ကရိတ်လမ်းပိုင်း အဆင့်မြင့်တင်သည့် အာရှလမ်းစီမံကိန်းဖောက်လုပ်ရာမှ ထိခိုက်နစ်နာသွားသူ ဒေသခံများကို ပြည်နယ်အစိုးရက ယမန်နေ့ သြဂုတ်လ ၁ရက်နေ့က တတိယအကြိမ် လျော်ကြေးငွေအဖြစ် ကျပ်သိန်းလေး ထောင်ကျော်ကို ပေးအပ်ခဲ့သည်။

ဖားအံမြို့ ဇွဲကပင်ခန်းမတွင် ပြုလုပ်သည့် အဆိုပါလျော်ကြေးငွေပေးအပ်မှုမှာ လမ်းတိုးချဲ့ဖောက်လုပ်သည့် ဧရိယာနှင့် မလွတ် ကင်းသည့် လူနေအိမ်၊ လယ်ယာမြေများအတွက် နစ်နာသူ ၇၅ဦးကို လျော်ကြေးငွေစုစုပေါင်း ကျပ် ၄၉၀,၅၀၄,၅၃၀ကို ပေး အပ်ခဲ့ခြင်းလည်းဖြစ်သည်။

လျော်ကြေးပေးဆောင်သည့်အခြေအနေများနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ထောက် ညွန်ကြားရေးမှူးနှင့် အိန္ဒုကော့ကရိတ်လမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း Project Management Unit ၏ အဖွဲ့ဝင်ဖြစ်သည့် မင်းဗညားထောက ယခုလိုပြောသည်။

“လျော်ကြေးပေးတာနဲ့ပတ်သက်ပြီး ကျနော်တို့က နောက်ဆုံး ပဉ္စမအကြိမ်ထိပေးမယ်လို့ မှန်းထားပေမယ့် လျော်ကြေးကိစ္စ ပြန်လည်နေရာချထားရေးကိစ္စတွေက ဒီလမ်း Project ပြီးတဲ့အချိန်ထိ အငြင်းပွားမှှုတွေ တချို့ မကျေနပ်ချက်တွေ၊ တင်ပြမှုတွေ က ရှိနေအုံးမှာပဲ။ ဒါပေမယ့် ကျနော်တို့က ၄ကြိမ်မြောက်မှာ တော်တော်များများပေးပြီးလောက်ပြီလို့ ရည်ရွယ်ထားတယ်။ နောက်ဆုံး ၅ကြိမ်မြောက်ကျရင် နည်းနည်းပဲ ကျန်မယ်။ ယာယီအားဖြင့် အဲလောက်အထိရှိမယ်လို့ မှန်းထားတယ်။”ဟု ၎င်းက ပြောသည်။

လမ်းစီမံကိန်းနှင့်ပတ်သက်ပြီး နစ်နာသူများအား လျော်ကြေးပေးရာတွင် အချို့မှာ လျော်ကြေးငွေတွက်ချက်ခြင်းနှင့်ပတ်သက်၍ လက်ခံနိုင်သော်လည်း ကျန်ရှိသူတချို့မှာ ကျေနပ်မှှုမရှိသေးသည့်အတွက် ညှိနှှိုင်းနေရဆဲ အခြေအနေရှိနေကြောင်းလည်း သိရ သည်။

ယခုတတိယအကြိမ် လျော်ကြေးငွေများကို ပြည်နယ်အစိုးရဝန်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ လွှတ် တော်ကိုယ်စားလှယ်၊ အုပ်ချုပ်ရေးနှင့် CRBC ကုမ္ပဏီတာဝန်ရှိသူများ ကိုယ်တိုင် လာရောက်ပေးအပ်ခဲ့သည်။ ထိုသို့ ပေးအပ်မှု တွင် ဖားအံမြို့နယ်ရှိ သာယာကုန်း၊ ဝဲကရင်၊ နောင်သရမ်း၊ ဒူရိန်၊ ခရဲ(ကမ်းနား)၊ ခရဲ၊ ကျုံစောင့်၊ ဂျိုင်းရွာ အပါအဝင် ကော့က ရိတ်မြို့နယ်ရှိ ငါးတိုင်နှင့် တံတားကျိုးကျေးရွာမှ ထိခိုက်နစ်နာသူအချို့ ပါဝင်သည်။

လျော်ကြေးရယူသည့် ဒူရိန်ရွာမှ စောသောင်းတင်က “သူူတို့ပေးတဲ့လျော်ကြေးဟာ ADB စည်းမျဉ်းစည်းကမ်းနဲ့ သူတို့ထုတ်ထား တဲ့ စည်းကမ်းနဲ့ပြန်နှှိုင်းယှဉ်ရင် လိုအပ်ချက်တွေတော့ရှိတာပေါ့။ ဒါပေမယ့် ကျနော်တို့ ပြည်သူတွေက အကုန်မသိတော့ လိုအပ် ချက်ရှိလည်း ဒီလောက်နဲ့ပဲ လျော်ကြေးကို လက်ခံလိုက်ရတဲ့ အပိုင်းရှိတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

အာရှလမ်းစီမံကိန်းဖောက်လုပ်မှုကြောင့် နစ်နာသူများအား ပေးအပ်ခဲ့သည့် လျော်ကြေးငွေများမှာ ပြည်ထောင်စုအစိုးရ ရန်ပုံငွေ များဖြင့် ပေးဆောင်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၇ခုနှစ်တွင် ပထမအကြိမ်အဖြစ် ကျပ် ၇၄၁သန်း၊ ၂၀၁၈ခုနှစ်တွင် ဒုတိယအ ကြိမ်အဖြစ် ကျပ် ၁၁၁၅သန်း ပေးအပ်ခဲ့ပြီးဟု သိရသည်။

Most read this week

December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...