ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးအပြောင်းအလဲဖြစ်

ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးအပြောင်းအလဲဖြစ်

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့် အပြောင်းအလဲဖြစ်ကြောင်း သတင်းရရှိသည်။

ဗိုလ်မှူးကြီးဖုန်းတင့်က “အပြောင်းအလဲ ဖြစ်တာမှန်ကန်ပါတယ်။ ဗိုလ်မှူးကြီးမင်းသိုက်က ကျွန်တော်နေရာမှ ဝင်ရောက်တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ ကျွန်တော်က ဘယ်နေရာဆိုတာတော့ ပြောလို့မရသေးဘူး။ ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်သွားရမှာပေါ့” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ယခု အပြောင်းလဲသည် ရခိုင်စစ်ဆင်ရေးအား ကွပ်ကဲနေသူမှာ  ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း နေရာအား ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိ်န်ကို ပြောင်းလဲတာဝန်ပေးလိုက်ပြီးနောက်ထပ် အပြောင်းအလဲကြီးတစ်ခု ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးကြီး ဖုန်းတင့်သည် ၂ဝ၁၇ ခုနှစ် ဇူလိူင် ၁၇ ရက်နေ့တွင်ယခင် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးကြီးထိန်းလင်း၏ လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး နေရာတွင် တာဝန်ပေးအပ်ခံခဲ့ရသူ ဖြစ်ပြီး ၂ နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် တာဝန်မှ အပြောင်းအလဲ ဖြစ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...