တာချီလိတ်တွင် တရားမဝင် လက်နက်ကိုင်ဆောင်သူ တဦး ဖမ်းဆီးရမိ

တာချီလိတ်တွင် တရားမဝင် လက်နက်ကိုင်ဆောင်သူ တဦး ဖမ်းဆီးရမိ
Photo Credit to – တာချီလိတ်ရဲတပ်ဖွဲ့ – တာချီလိတ်မြို့တွင်အသက် ၃၀ နှစ် မိုင်းခတ်မြို့ နေသူ အိုက်လာအား တရားမဝင် လက်နက် ခဲယမ်း များ နှင့်အတူဖမ်းဆီး
Photo Credit to – တာချီလိတ်ရဲတပ်ဖွဲ့ – တာချီလိတ်မြို့တွင်အသက် ၃၀ နှစ် မိုင်းခတ်မြို့ နေသူ အိုက်လာအား တရားမဝင် လက်နက် ခဲယမ်း များ နှင့်အတူဖမ်းဆီး

ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီခွဲက တာချီလိတ်မြို့ ဝိန်းကျောက် ရပ်ကွက် မြို့ပတ်လမ်း တွင် တာချီလိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်း အဖွဲ့များက လှည့်ကင်း စစ်ဆေးဆောင်ရွက်နေစဉ် အသက် ၃၀ နှစ် မိုင်းခတ်မြို့ နေသူ အိုက်လာ မောင်းလာသည့် ကားပေါ်တွင် တရားမဝင် လက်နက် ခဲယမ်း များ ဖမ်းဆီး ရမိကြောင်း သိရသည်။

အသက် ၃၀ နှစ်အရွယ် အိုက်လာ ဆိုသူ မောင်းလာသည့် မော်တော်ယာဉ် တွင် Ruger အမျိုးအစား သေနတ် 375-41566 နံပတ်ပါ 380 Auto သေနတ် တလက် နှင့် ကျည်အိမ် အတွင်း တွင် ကျည် ၅တောင့်၊ 380 Auto PMC စာတမ်းပါ ကျည် ၉ တောင့် တို့ ကို သိမ်းဆည်းရမိကြောင်း တာချီလိတ်မြို့ မရဲစခန်းမှ သိရသည်။

တရားမဝင် လက်နက် ကိုင်ဆောင်သည့် အိုက်လာ ကို တာချီလိတ်မြို့ မရဲစခန်း မှ (ပ) ၃၇၃/ ၂၀၁၉ သျှမ်းလက်နက် ၁၂(က) /၁၂(ဂ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

သျှမ်းပြည်နယ် အရှေ့ပိုင်း ဘက်တွင် တရားမဝင် လက်နက်ကိုင်ဆောင်သူ များရခြင်းမှာ နယ်စပ်ဒေသ ဖြစ်သည့် အလျောက် လက်နက်ကို လွယ်ကူစွာ ဝယ်ယူနိုင်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကြောင့် လက်နက်ကိုင် ဆောင် ခြင်း တို့ ဖြစ်သည် ဟု တာချီလိတ်ဒေသခံများက ပြောဆိုသည်။

“ ဒီမှာ က ဘာသေနတ် အမျိုးအစားလိုချင်လဲ လွယ်လွယ်နဲ့ ဝယ်လို့ရတယ်။ သေနတ်ကိုင်တဲ့သူတွေကလည်း မူးယစ်ဆေးဝါး နဲ့ ဆက်နွယ်တဲ့ သူတွေပါ။ သက်ဆိုင်ရာ က သေချာ စိစစ်ဖို့လိုတယ်” ဟု တာချီလိတ်ဒေသခံ စိုင်းတစ် က ပြောသည်။

သျှမ်းပြည်နယ် အရှေ့ပိုင်း တွင် လက်နက်ကိုင်သည့်အဖွဲ့အစည်း များလည်း ရှိသဖြင့် မည်သည့် အဖွဲ့ သည် တရားဝင် လက်နက်ကိုင် ဆောင်ခွင့် ပြုထားသည် ကို သေချာ စိစစ်သင့်ပြီး၊ တရားမဝင် လက်နက်ကိုင်ဆောင်သူများကိုလည်း ထိရောက်စွာ အရေးယူသင့်ကြောင်း၊ စိုင်းတစ်က ပြောသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...