တာချီလိတ်တွင် တရားမဝင် လက်နက်ကိုင်ဆောင်သူ တဦး ဖမ်းဆီးရမိ

တာချီလိတ်တွင် တရားမဝင် လက်နက်ကိုင်ဆောင်သူ တဦး ဖမ်းဆီးရမိ
Photo Credit to – တာချီလိတ်ရဲတပ်ဖွဲ့ – တာချီလိတ်မြို့တွင်အသက် ၃၀ နှစ် မိုင်းခတ်မြို့ နေသူ အိုက်လာအား တရားမဝင် လက်နက် ခဲယမ်း များ နှင့်အတူဖမ်းဆီး
Photo Credit to – တာချီလိတ်ရဲတပ်ဖွဲ့ – တာချီလိတ်မြို့တွင်အသက် ၃၀ နှစ် မိုင်းခတ်မြို့ နေသူ အိုက်လာအား တရားမဝင် လက်နက် ခဲယမ်း များ နှင့်အတူဖမ်းဆီး

ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီခွဲက တာချီလိတ်မြို့ ဝိန်းကျောက် ရပ်ကွက် မြို့ပတ်လမ်း တွင် တာချီလိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်း အဖွဲ့များက လှည့်ကင်း စစ်ဆေးဆောင်ရွက်နေစဉ် အသက် ၃၀ နှစ် မိုင်းခတ်မြို့ နေသူ အိုက်လာ မောင်းလာသည့် ကားပေါ်တွင် တရားမဝင် လက်နက် ခဲယမ်း များ ဖမ်းဆီး ရမိကြောင်း သိရသည်။

အသက် ၃၀ နှစ်အရွယ် အိုက်လာ ဆိုသူ မောင်းလာသည့် မော်တော်ယာဉ် တွင် Ruger အမျိုးအစား သေနတ် 375-41566 နံပတ်ပါ 380 Auto သေနတ် တလက် နှင့် ကျည်အိမ် အတွင်း တွင် ကျည် ၅တောင့်၊ 380 Auto PMC စာတမ်းပါ ကျည် ၉ တောင့် တို့ ကို သိမ်းဆည်းရမိကြောင်း တာချီလိတ်မြို့ မရဲစခန်းမှ သိရသည်။

တရားမဝင် လက်နက် ကိုင်ဆောင်သည့် အိုက်လာ ကို တာချီလိတ်မြို့ မရဲစခန်း မှ (ပ) ၃၇၃/ ၂၀၁၉ သျှမ်းလက်နက် ၁၂(က) /၁၂(ဂ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

သျှမ်းပြည်နယ် အရှေ့ပိုင်း ဘက်တွင် တရားမဝင် လက်နက်ကိုင်ဆောင်သူ များရခြင်းမှာ နယ်စပ်ဒေသ ဖြစ်သည့် အလျောက် လက်နက်ကို လွယ်ကူစွာ ဝယ်ယူနိုင်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကြောင့် လက်နက်ကိုင် ဆောင် ခြင်း တို့ ဖြစ်သည် ဟု တာချီလိတ်ဒေသခံများက ပြောဆိုသည်။

“ ဒီမှာ က ဘာသေနတ် အမျိုးအစားလိုချင်လဲ လွယ်လွယ်နဲ့ ဝယ်လို့ရတယ်။ သေနတ်ကိုင်တဲ့သူတွေကလည်း မူးယစ်ဆေးဝါး နဲ့ ဆက်နွယ်တဲ့ သူတွေပါ။ သက်ဆိုင်ရာ က သေချာ စိစစ်ဖို့လိုတယ်” ဟု တာချီလိတ်ဒေသခံ စိုင်းတစ် က ပြောသည်။

သျှမ်းပြည်နယ် အရှေ့ပိုင်း တွင် လက်နက်ကိုင်သည့်အဖွဲ့အစည်း များလည်း ရှိသဖြင့် မည်သည့် အဖွဲ့ သည် တရားဝင် လက်နက်ကိုင် ဆောင်ခွင့် ပြုထားသည် ကို သေချာ စိစစ်သင့်ပြီး၊ တရားမဝင် လက်နက်ကိုင်ဆောင်သူများကိုလည်း ထိရောက်စွာ အရေးယူသင့်ကြောင်း၊ စိုင်းတစ်က ပြောသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...