Published
Thursday, July 11, 2019
ကရင်နီဘာသာ အစီအစဉ် (ဇူလိုင်လ ၁၁ ၊၂၀၁၉ )
တောင်သူတွေကို တရားစွဲဆိုတာဟာ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်မယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်ပါတယ်။
တပ်မတော်က သိမ်းဆည်းထားတဲ့မြေယာတွေ ပြန်ပေးဖို့နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ တောင်သူတွေအတွက် အသံတိတ်ဆန္ဒပြရာမှာ စစ်တပ်/တပ်မတော် ဆိုတဲ့ စကားလုံးကို အသုံးပြုခွင့်မရဘူးလို့ ပြောပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်နဲ့ပတ်သက်ပြီး ကြေညာစာတမ်းထုတ်ခဲ့တဲ့ ကရင်နီလူငယ် ၆ ဦးကို ဇူလိုင်လ ၅ ရက်နေ့က တတိယအကြိမ်မြောက် လွိုင်ကော်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။






