ကျောက်တော်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၇ ဦးထပ်မံနုတ်ထွက်

ကျောက်တော်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၇ ဦးထပ်မံနုတ်ထွက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၇ ဦး ဇွန် ၂၈ ရက်နေ့က ထပ်မံ နုတ်ထွက်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူး ၁၄ ဦးသည် တစ်ပြိုင်တည်း စာရွက် တစ်ရွက်တည်းပေါ်တွင် လက်မှတ်ရေးထိုးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံ နုတ်ထွက်လွှာတင်သွင်းခဲ့ကြောင်း သိရသည်။

သို့သော် မြို့နယ် အုပ်ချုပ်ရေးမှူးမှ စာရွက်တစ်ရွက်တည်းပေါ်တွင် ၁၄ ဦး တစ်ပြိုင်လက်မှတ်ရေးထိုး နုတ်ထွက်စာတင်ခြင်းကို လက်မခံကြောင်း၊ နုတ်ထွက်လိုပါက တစ်ဦးချင်းလက်မှတ်ရေထိုးပြီး နုတ်ထွက် စာတင်ရန် ပြောကြားရာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၇ ဦးမှ တစ်ဦးချင်း နုတ်ထွက်စာ တင်ကာ တရားဝင်နုတ်ထွက်သွားကြကြောင်း သိရသည်။

ကျောက်ဖြူရွာ အုပ်ချုပ်ရေးမှူး ဦးဇေယျာလင်းက “ ၁၄ ယောက် တစ်ပြိုင်တည်း နုတ်ထွက်တာပါ။ ဒါကို မြို့နယ်အုပ်ချုပ်ရေးမှူးက လက်မခံဘူး။ ဒါကြောင့်  ပြန်ပြီးကိုယ့်ဟာကို တင်ဆိုတဲ့အတွက် တစ်ယောက်ချင်းတင်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ၇ ယောက် တရားဝင် နုတ်ထွက်ခဲ့ပါတယ်” ဟု ပြောသည်။

၎င်းအုပ်ချုပ်ရေးမှူးများမှာ လမုန်းတစ်ပင်၊ ယိုးချောင်း၊ သရက်အုပ်၊ ကျောက်ဖြူရွာ၊ ဗိုလ်မင်း၊ သရက်တစ်ပင်နှင့် စည်းမောင်း စသည့် ကျေးရွာတို့မှ ဖြစ်ကြာင်းသိရသည်။

နုတ်ထွက်ရခြင်းနှင့် ပတ်သက်ပြီး ကျောက်ဖြူကျေးရွာအုပ်ချုပ်ရေးမှူးက  “အရင်ကလည်း ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက်ို မဟုတ်မမှန် ဖမ်းထားတာတွေ ရှိတယ်။ အဲ့လိုမျိုး ကိုယ်ဆီကိုမှာလည် ပြသနာ တက်လာမှာလည်း ကြောက်တယ်။ အဲ့ဒါတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ ဖြေရှင်းမပေးရင်တော့ မလုပ်ပေးနိုင်တော့ နုတ်ထွက်မယ်ဆိုပြီး အဲသလိုမျိုး နုတ်ထွက်တာ ဖြစ်ပါတယ်။ အလားတူဖြစ် ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးတွေဆီမှာ ဖြစ်လာမှာကို ကြောက်တဲ့ အတွက် နုတ်ထွက်တာပါ ” ဟု ပြောသည်။

မင်းသားတောင်ကျေးရွာအုပ်ချုပ်ရေးမှူးအား စစ်တပ်မှ ဖမ်းဆီး သွားပြီးနောက် ဇွန်လ ၄ ရက်နေ့ က ကျောက်တော်မြို့နယ်မှ ရပ်/ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ဝ ဦးနုတ်ထွက်ခဲ့ပြီး ဒုတိယအကြိမ် ၁ဝ ဦးနုတ်ထွက်ခဲ့ကာ ယခုနုတ်ထွက်ခြင်းမှာ တတိယအကြိမ်ဖြစ် သည်။

နုတ်ထွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့်  ကြားကျပ်ဖြစ်မည်ကို အလားတူ ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ ကလည်း ကျောက်တော်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၅ဝ ဦးနုတ်ထွက်ခဲ့ခြင်းနှင့် ဒုတိယအကြိမ်အဖြစ် ၁ဝ ဦးနုတ်ထွက်ခဲ့ပြီး ယခုနုတ်ထွက်ခြင်းမှာ တတိယအကြိမ်ဖြစ် သည်။

ဤကိစ္စနှင့်ပတ်သတ်၍ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးအား ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ရာ ပြန်လည်ဖြေကြားခြင်းမရှိသောကြောင့် မတင်ပြနိုင်ပါ။

April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...