မူးယစ်ဆေးဝါးပပျောက်ရေး ပြည်သူလူထုပူးပေါင်းပါဝင်တိုက်ဖျက်ရန်လိုအပ်ဟု မူးယစ်တပ်ဖွဲ့ဆို

မူးယစ်ဆေးဝါးပပျောက်ရေး ပြည်သူလူထုပူးပေါင်းပါဝင်တိုက်ဖျက်ရန်လိုအပ်ဟု မူးယစ်တပ်ဖွဲ့ဆို

ဒေသအတွင်း မူးယစ်ဆေးဝါးပပျောက်ရေးမှာ ဝန်ကြီးဌာနတစ်ခုတည်း လုပ်ဆောင်၍ ရနိုင်မည် မဟုတ်ကြောင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်တိုက်ဖျက်မှသာ မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် အောင်မြင်မည်ဖြစ်ကြောင်း စစ်တွေ မူးယစ် တပ်ဖွဲ့ခွဲ (၄၇) မှ ပြောခွင့်ရသူ ရဲအုပ်ထွန်းထွန်း ကပြောသည်။

“မူးယစ်ဆေးဝါးပပျောက်ဖို့ဆိုရင် ဝန်ကြီးဌာနတစ်ခုတည်းနဲ့ ဆောင်ရွက်လို့ မရပါဘူး။ ပြည်သူ လူထုလည်း ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ ပြီးမှ ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေးက အောင်မြင်မှာဖြစ်ပါတယ်” ဟု ရဲအုပ်ထွန်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို စစ်တွေမြို့ ဦးဥတ္တမပန်းခြံခန်းမတွင် ယနေ့ဇွန်လ ၂၆ ရက် နံနက် ၈ နာရီကကျင်းပခဲ့ပြီးနောက်  ရဲအုပ်ထွန်းထွန်းက ထိုသို့ ထုတ်ဖော် ပြောကြာသွားခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အခမ်းအနားကိုကျင်းပရခြင်းမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေးနှင့် တားဆီးနှိမ်နင်းရေး အတွက် ကျင်းပရခြင်းဖြစ်ပြီး ယခုနှစ်အတွင်းတွင်လည်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှု အများအပြားရှိကြောင်း ရဲအုပ်ထွန်းထွန်းက ပြောသည်။

“မူးယစ်ဆေးဝါးနက်ပတ်သက်ပြီးဖမ်းမိတာတွေရှိပါတယ်။ မေယု စစ်ဆင်ရေး မှာလည်း ဖမ်းမိတာတွေရှိပါတယ်။ ဒီနှစ်က နှစ်ဝက်လောက်ပဲရှိပါသေးတယ်။ မူးယစ်တပ်ဖွဲ့က ဖမ်းမိတာက အမှုပေါင်း ၉ဝ ကျော်ကျော်လောက်ရှိပါတယ်။ စစ်တွေမြို့ပေါ်မှာဖမ်းမိတာတွေလည်း  အများအစားရှိပါတယ်” ဟု နိရဥ္စရာသို့ သူကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ၂ဝ၁၉ ခုနှစ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အမှုပေါင်း ၁၄၅ မှှုနှင့် ဆေးပြားပေါင်း ၁၇၇၇၃၃ဝ၆ ပြား၊ အကြေမှုန့်၊ ဆေးခြောက် စုစုပေါင်း ၂၆၆ဝဝ ဂရမ် ရှိပြီး ၂ဝ၁၇ ခုနှစ်မှ လက်ရှိ ၂ဝ၁၉ ခုနှစ်အထိ ၆၁၉ မှု ရှိကြောင်း စာရင်းတွင် ဖော်ပြထားသည်။

အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် ပြည်နယ် ရဲမှူးကြီးကြည်လင်း၊ ဌာနဆိုင်ရာအကြီးအ ကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက် ၈ နာရီမှစတင်၍ ၁ဝ နာရီကျော်တွင် အောင်မြင်စွာ ပြီးဆုံးကြောင်းသိရသည်။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...