မူဆလင်အမျိုးသမီးငယ်တစ်ဦးအားငွေယူ၍ ရန်ကုန်လိုက်ပို့သူ အမ်းဂိတ်တွင် ဖမ်းဆီးခံရ

မူဆလင်အမျိုးသမီးငယ်တစ်ဦးအားငွေယူ၍ ရန်ကုန်လိုက်ပို့သူ အမ်းဂိတ်တွင် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လောင်းကြပ်ရွာမှ ဦးအောင်ထွန်းသာ(၅၃)နှစ်သည် ပေါင်းတုတ် ကျေးရွာနေ မမောန်တာစ်ဘေဂေါင်(၁၆)နှစ်ကို ငွေကြေးယူ၍ ဆိုင်ကယ်မောင်းပြီး ရန်ကုန်သို့ လိုက်ပို့စဉ် ဇွန်လ ၂၃ ရက်နေ့က အမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံလိုက်ရသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးဂိတ်၌ ဇွန်လ ၂၃ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် အမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ  ရပ်တန့်စစ်ဆေးစဉ် ဖမ်းမိခြင်း ဖြစ်ကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့က ပြောကြားသည်။

“ ဖမ်းမိတဲ့ ဦးအောင်ထွန်းသာကို ကျွန်တော်တို့ အမ်းမြို့မရဲစခန်း (ပ)၇၁၇/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၆၇ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးမလေးကိုတော့ လဝက အက်ဥပဒေအတိုင်း အရေးယူမှာ ဖြစ်ပါတယ်” ဟု  အမ်းမြို့မ စခန်းမှူး ဒုရဲမှူး အေးမင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ဦးအောင်ထွန်းသာသည် ၎င်းအမျိုးသမီးငယ် အား မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန်အတွက် ငွေ (၁၅) သိန်းဖြင့် မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာမှ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း၊  ၊ ၎င်း၏မိဘများထံမှ စရံငွေအဖြစ် ၅ သိန်း ကျပ် ရရှိခဲ့ပြီး ကျန်ငွေများအား ရန်ကုန်သို့ ရောက်ရှိ မှသာ ရရှိမည်ဖြစ်ကြောင်း၊ မမောန်တာစ်ဘေဂေါင်မှာ ရန်ကုန်မှတစ်ဆင့် မလေးရှားနိုင်ငံရှိ ၎င်း၏ အစ်ကိုများထံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဖြစ်ကြောင်း သိရှိရကြောင်း ဒုရဲမှူးက ပြောသည်။

“ လောလောဆယ်တော့ အမ်းမြို့မ စခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အထောက်အထား တစ်စုံတစ်ရာ မပါတဲ့အတွက် ဥပဒေအတိုင်း အမှုစွဲတင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...