မြောက်ဦး စစ်ဘေးရှောင်စခန်းများမှ ကျောင်းသားများကို သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ရန်စီစဉ်

မြောက်ဦး စစ်ဘေးရှောင်စခန်းများမှ ကျောင်းသားများကို သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ရန်စီစဉ်

ရခိုင်ပြည်တွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ပညာသင်ရန် အခက်အခဲဖြစ်နေသည့် မြောက်ဦးမြို့နှင့် အနီးတစ်ဝိုက်ရှိ စစ်ဘေးရှောင်စခန်းများမှ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံး စာအုပ်၊ ခဲတံ၊ ပေတံစသည့် သင်ထောက်ကူ ပစ္စည်းများကို ကူညီထောက်ပံ့ပေးရန် လူမှုရေး လူပ်ရှားသူများက စီစဉ်လျက် ရှိကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့မှ လူမှုရေးလှုပ်ရှားသူ ခိုင်မင်းသျှင်က “မြောက်ဦးမြို့နယ်မှာရှိတဲ့ လက်လှမ်းမှီတဲ့ စစ်ဘေးရှောင်စခန်းတွေကို လှူဒါန်းသွားမှာပါ။ မြတန်ဆောင်း ကျောင်းကို ဗလာ စာအုပ် ဒါဇင် ၂ဝဝ သွားလှူခဲ့ပါတယ်။ တခြား စစ်ဘေးရှောင်စခန်း တွေကိုလည်း သွားလှူဖို့ အစီအစဉ်ရှိပါတယ်” ဟု နိရဥ္စရာကိုပြောသည်။

မြောက်ဦးမြို့ မြတန်ဆောင်းကျောင်း စစ်ဘေးရှောင်စခန်းတွင် စာသင်ကြားရန် ကလေးငယ် ရာနှင့်ချီပြီး ရှိနေကြောင်း၊ တစ်ချို့ကလေးများမှာ အထက်တန်း ပညာကို သင်ကြားရန် ခက်ခဲနေကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ဆင်းရဲနွမ်းပါးတဲ့ အထက်တန်းပညာသင်ယူဖို့အခက်အခဲရှိနေတဲ့ကလေးတွေကို နေစားငြိမ်း အဆောင်နဲ့ စာသင်ဝိုင်း ဖွင့်လှစ်သွားဖို့လည်း အစီအစဉ်ရှိပါတယ်။ အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းဆက်လက်ပြောသည်။

မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ ပရဟိတကျောင်းဆရာတစ်ဦးဖြစ်သူ မိုးခါးရေ မှ “၅တန်း ကျောင်းသား/သူ အတွက်ပုံနှိပ်စာအုပ်တွေလိုအပ်နေပါတယ်။ တခြားအခက်အခဲအနေနဲ့ စစ်ဘေးရှောင်  မိသားစုတွေနဲ့ သူတို့ ခလေးတွေ ကျောင်းသားကျောင်းသူတွေအတွက်နေထိုင်စရာ အဆောက်အဦးတစ်ခုတော့ လိုအပ်နေပါတယ်” ဟု ပြောသည်။

အလားတူ မြောက်ဦးမြို့နယ် တိန် ညိုကျေးရွာတွင်လည်း တိုက်ပွဲများကြောင့် ကျောင်းတက် ပညာသင်ကြားရန် အခက်အခဲ ဖြစ်နေသည့် ကျောင်းသူ ကျောင်းသားများရှိကြောင်း နှင့် အနီးအနား ကယ်ဆယ်ရေးစခန်းမှ ကျောင်းသား/သူများကို တိန်ညိုကျောင်းတွင်လက်ခံ/မခံကို ခုထိ အတိအကျ  မသိရကြောင်း စစ်ဘေးရှောင် ကျောင်းသားမိဖများက ပြောသည်။

တိန်ညိုကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်ပေါက်စက “ခုလောလောဆယ်တော့ အခြေ အနေတွေ ငြိမ်သက်နေပါတယ်။ ကယ်ဆယ်ရေးက ကလေးတွေကို သူတို့အနေနဲ့ ဒီကျောင်းမှာ ထားမယ် မထားဘူး၊ လက်ခံမယ် မခံဘူး အနေမကျနိုင်သေးဘူး။ KG တန်းမှာဆို ကလေး ၅ ယောက်ပဲ လာတက်တယ်လို့ သိရပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ကျောင်းများဖွင့်နေပြီဖြစ်သော်လည်း စစ်ဘေးကြောင့် မိဘများမှာ သားသမီးများတွက် ပညာသင်ကြားရေး ကျောင်းအပ်နှံ့နိုင်ရေးအတွက် စိုးရိမ်ပူပန်နေကြရပြီး ကျောင်းအပ်လက်ခြံပီးကျောင်းများ မှာလည်း ကျောင်းမှ ပေးသည့် ပုံနှိပ်စာအုပ်များ၊ ဗလာ စာအုပ်များ၊ သင်ကြားရေး သင်ထောက်ကူပစ္စည်းများ မလုံလောက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားရန် အခက်အခဲရှိနေကြောင်း သိရသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...