ဖမ်းဆီးခံရသည့် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာမှ လူ၂ ဦး ပြန်လည်လွတ်မြောက်

ဖမ်းဆီးခံရသည့် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာမှ လူ၂ ဦး ပြန်လည်လွတ်မြောက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှ စစ်တပ်က ဖမ်းဆီးခံထားရသည့် လူ ၂ ဦး ယနေ့ ပြန်လွတ်လာသည်။

၎င်းတို့မှာ ဝေသာလီကျေးရွာမှ အောင်ကျော်နိုင် (၂၈)နှစ်နှင့် စိုးစိုးအောင် (၃၄)နှစ် တို့ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးအား မြောက်ဦးမြို့သစ် ထမ္မရာဇ်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင်ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း မိသားစုဝင်များက နိရဉ္စရာသို့ပြောသည်။

လွတ်မြောက်လာသူ အောင်ကျော်နိုင်၏ အစ်မဖြစ်သူ ဒေါ်မသန်းနုက “သူတို့ နှစ်ယောက်ဒီနေ့ ပြန်လွတ် လာပါတယ်။ သူတို့ကို ဖမ်းသွားတာ ဒီနေ့နဲ့ဆို ၁၄ ရက်မြောက်နေ့ပါ။ သူတို့ကို အပြစ်မရှိဘူးဆိုပြီး ပြန်လွတ်ပေးလိုက်တာ လို့ပြောပါတယ်”ဟု ပြောဆိုသည်။

၎င်းတို့ ၂ ဦးတွင် စိုးစိုးအောင်မှာ မသန်စွမ်းသူဖြစ်ပြီး အောင်ကျော်နိုင်မှာ စိတ်ဝေဒနာခံစားနေရသူ ဖြစ်ကြောင်း၊ စစ်တပ်မှ လာရောက်စစ်ဆေးစဉ် ထိုသို့ မသန်စွမ်းသူများ ဖြစ်ကြောင်း မိသားစုများက တင်ပြပြီးနောက် ယခုလို ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့ ၂ ဦးမှာ မေလ ၂၂ ရက်နေ့ ဝေသာလီကျေးရွာအနီး တိုက်ပွဲဖြစ်ပွာပြီးနောက် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး နှစ်ဦးလုံး ကျန်းကျန်းမာမာ အကောင်းပကတိဖြင့် ပြန်လည် လွတ်မြောက် လာသည့်အတွက် အတိုင်းမသိ ဝမ်းသာမိကြောင်း မိသားစုဝင်များကဆိုသည်။

April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...