ရွာပေါင်း ၂၀အားထားရသည့် တိုက်နယ်ဆေးရုံဖွင့်လှစ်

ရွာပေါင်း ၂၀အားထားရသည့် တိုက်နယ်ဆေးရုံဖွင့်လှစ်

လွိုင်ကော်မြို့နယ်၊ လောဓလေးတိုက်နယ် ၁၆ကုတင်ဆံ့ တိုက်နယ်ဆေးရုံဖွင့်ပွဲကို ဧပြီလ ၂၂ရက်တွင် ဖွင့်လှစ်ခဲ့သည်။

“ တိုက်နယ်ဆေးရုံအင်္ဂါရပ်နဲ့အညီ ဆေးတွေပြည့်စုံအောင် ထားပေးထားတယ်။ ဒါပေမယ့် တကယ့်ကင်ဆာဆေးတို့၊ အရေပြားဆေးတို့လို ဈေးကြီးတဲ့ဆေးတွေတော့ စာရိတ်မျှပေးနဲ့ ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။ “ဟု ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဌာန ဒေါက်တာခင်မောင်ရင်က ပြောသည်။

လက်ရှိတွင် ဆေးရုံလိုအပ်ချက်၏ ၇၀%ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ၃၀%ကိုမူ စာရိတ်မျှပေးဖြင့်သာ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေါက်တာက ဆက်ပြောသည်။

တိုက်နယ်ဆေးရုံတစ်ခု၏အညွှန်းကိန်းအရ လူဦးရေ အနည်းဆုံး ၅သောင်းရှိရမည့်အပြင် အတွင်းလူနာ၊ အပြင်လူနာ စသည်လူဦးရေ သတ်မှတ်ချက်များလည်း ရှိသည်။ တနေ့ကို လူနာ ၁၀ဦး အနည်းဆုံးရှိရမည်လည်း ပါရှိသည်။ သို့သော် ယခုတိုက်နယ်ဆေးရုံသည် ၎င်းအချက်များနှင့် မကိုက်ညီပေမယ့် နိုင်ငံတော်မှ ဆောက်လုပ်ထားပေးထားကြောင်း သိရသည်။

“ တိုက်နယ်ဆေးရုံက အရင်တည်းကရှိခဲ့တာပဲ ဒါပေမယ့် သွားရေးလာရေးခက်ခဲတာရယ် ဆရာဝန်၊ တစ်ခါတရံတော့လည်း ဆေးဝါးမပြည့်စုံတာလေးတော့ ရှိတာပေါ့ “ဟု လောဓလေးကျေးရွာတာဝန်ခံ ဦးသန်းဝင်းက ပြောသည်။

၎င်းတိုက်နယ်ဆေးရုံတွင် ဝန်ထမ်းပေါင်း ၁၉ဦးထားရှိပြီး ကျေးရွာပေါင်း ၂၀ မှ ပြည်သူများ စုပေါင်းအားထားရသည့် ဆေးရုံဖြစ်ကြောင်း သိရသည်။

လောဓလေးတိုက်နယ်ဆေးရုံကို ၂၀၁၇ – ၁၈ဘတ်ဂျက်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း သန်း ၄၀၀၊ မီနီဘတ်ဂျက်(၆လတ်ပတ်ဘတ်ဂျက်)သန်း၁၀၀၊ ၂၀၁၈-၁၉ဘတ်ဂျက်တွင် သန်း၁၅၀ စုစုပေါင်း သန်း ၆၅၀ (ကျပ်သိန်းပေါင်း ၆၅၀၀)ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။

ဆေးရုံဖွင့်ပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌနှင့်လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဌာန ဒောက်တာနှင့်သူနာပြုများ၊ ဒေသခံတိုင်းရင်းသားများ၊ ရပ်မိရပ်ဖများစုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...