မောင်တောတွင် ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်လျှင် အရေးယူမည်

မောင်တောတွင် ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်လျှင် အရေးယူမည်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ - ၁၄၄ အရ ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို လိုက်နာမှု မရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်သည်။

မတ်လ ၂၈ ရက်နေ့စွဲဖြင့် မောင်တောမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌမှ လက်မှတ်ရေးထိုး ထုတ်ပြန်သည့် " အသိပေးနှိုးဆော်ခြင်း " စာတွင် ထိုသို့ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က “ ၂၀၁၂ ကတည်းက မောင်တောမြို့နယ်မှာ ညမထွက်ရ အမိန့် ဝမ်းဖိုးဖိုး ကို တောက်လျောက်ထုတ်ထားတာရှိတယ်။ လူတွေက ဝမ်းဖိုးဖိုး (ပုဒ်မ ၁၄၄) ကို ကျော်ပြီးတော့ ည ၁၀ နာရီမထွက်ရဆိုတဲ့ဟာကို ကျော်လွန်ပြီး ည ၁၁ နာရီထိ ထွက်တာတို့၊ တစ်ချို့ လူငယ်လေးတွေ သောက်စားပြီး ထွက်တာတွေ ရှိနေတော့ လက်ရှိ အခြေအနေမှာ ရခိုင်ပြည်နယ်မှာ လုံခြုံရေး အရ အရေးကြီးတဲ့အချိန်ဆိုတော့ ည ၁၀ နာရီကို တိတိကျကျ လိုက်နာဖို့ပေါ့။ ကျွန်တော်တို့ အဲဒီမှာ လှည့်ကင်း၊ ပတ်ကင်းတွေနဲ့ တွေ့ရင် ထိထိရောက်ရောက် အရေးယူမယ်ဆိုတာကို ပြည်သူက မသိလိုက် ဖြစ်မှာ စိုးလို့ ကြိုတင်ပြီး အသိပေးတာပါ” ဟု ယနေ့ နံနက်က နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

မောင်တောဒေသခံပြည်သူများအနေဖြင့် တည်ဆဲဥပဒေအရ ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ကို တိတိကျကျလိုက်နာရန်လိုအပ်ရန် လိုအပ်ကြောင်းလည်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ (၂၅-၈-၂၀၁၇) ရက်နေ့ ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တရားဥပဒေ စိုးမိုးရေးနှင့်ပြည်သူများ အေးချမ်းစွာ နေထိုင်ရေးအတွက် မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ - ၁၄၄ အရ (၁၁-၂-၂၀၁၉) ရက်နေ့တွင် အမိန့် အမှတ် (၆/၂၀၁၉)ဖြင့် ည (၂၂၀၀) နာရီအချိန်မှ နောက်တစ်နေ့ နံနက် (၀၅၀၀) နာရီအချိန်ထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားကြောင်း၊ သို့သော်လည်း ပြည်သူများအနေဖြင့် ညမထွက်ရအမိန့်အား လိုက်နာမှု မရှိဘဲ မြို့နယ်အတွင်း သွားလာနေမှုများရှိနေကြောင်း၊ (၂၈-၃-၂၀၁၉) ရက်နေ့မှစပြီး သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် လုံခြုံရေးအဖွဲ့အစည်း များမှ စစ်ဆေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ မောင်တော မြို့နယ်အတွင်း ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ထုတ်ပြန်ထားသည့် စာထဲတွင် ဖော်ပြထားသည်။

၎င်းအသိပေးနိုးဆော်ခြင်းအား မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့မှာ မီးသတ်ကားပေါ်တွင် အသံချဲ့စက်တင်ကာ မြို့ကို ပတ်ပြီး မတ်လ ၂၈ ရက်နေ့က အသိပေး ကြေညာခဲ့သည်ဟု မောင်တော ဒေသခံများက ပြောကြားသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...