ဆေးတက္ကသိုလ်(မကွေး) ကျောင်းသား/ကျောင်းသူဟောင်းများနှင့် စေတနာရှင်များမှ ရခိုင်စစ်ဘေးရှောင်များသို့ သိန်း(၄၀)တန်ဖိုးရှိ ရိက္ခာပစ္စည်းများလှူဒါန်း

ဆေးတက္ကသိုလ်(မကွေး) ကျောင်းသား/ကျောင်းသူဟောင်းများနှင့် စေတနာရှင်များမှ ရခိုင်စစ်ဘေးရှောင်များသို့ သိန်း(၄၀)တန်ဖိုးရှိ ရိက္ခာပစ္စည်းများလှူဒါန်း

ဆေးတက္ကသိုလ် (မကွေး) ကျောင်းသား/ ကျောင်းသူဟောင်းများနှင့် စေတနာရှင်များမှ စုပေါင်းပြီး ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ချို့ အတွက် မီးဖိုချောင်းသုံး ရိက္ခာပစ္စည်း သိန်း ၄၀ ဖိုးခန့်ကို ယနေ့ ပေးပို့လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

လှူဒါန်းခဲ့သည့် ပစ္စည်းများမှာ ကုလားပဲခြမ်း ၄၂ တင်း၊ မြေပဲဆံ (အဖြူ) ၃၅၀ ပိသာ၊ ကြက်သွန်နီ ၁၀၀၀ ပိသာ၊ အာလူး ၁၀၀ ပိသာ၊ ခရုတ်သီးခြောက် ၆၀ ပိသာနှင့် ဆီ ၂၀၀ ပိသာတို့ဖြစ်ကြပြီး စုစုပေါင်း တန်ဖိုးမှာ ကျပ်သိန်း ၄၀ ဖိုးရှိကြောင်း သိသည်။

၎င်းပစ္စည်းများကို ဝါးတောင် (၁၂၂၉) ဦး၊ ကံစောက် (၃၇၃) ဦး၊ တောင်မင်း (၆၃၉) ဦး ၊ မြတ်လှဲ (၅၄၇) ဦး နှင့် ရသေ့တောင် (၁၈၃) ဦးတို့အတွက် လှူဒါန်းခဲ့သည်ဟု ၎င်းပစ္စည်းများကို ဝါးတောင်စခန်းသို့ ကိုယ်တိုင် သွားရောက်ပေးပို့ လှူဒါန်းခဲ့သည့် ဒေါက်တာ တင်မြင့်ဦးက နိရဉ္စရာသို့ ပြောသည်။

“ အဓိကတော့ဗျာ စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေတဲ့ ရခိုင်ပြည်သူတွေ အတွက် ဝိုင်းပြီး ကူညီ လှူဒါန်းကြတာပါ။ ဘာပြောပြော ညီအစ်ကိုမောင်နှမ စိတ်ဓာတ်နဲ့ တစ်ယောက် ဒုက္ခရောက်တဲ့ အခါ တစ်ယောက်က ဝိုင်းဝန်း ကူညီကြတဲ့ သဘောပါ။ မကွေးဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်း တွေနဲ့ စေတနာရှင်တွေက စုပေါင်း ပို့ပေးလိုက်တဲ့ ပစ္စည်းတွေကို ကျွန်တော်တို့က ဝါးတောင်စခန်းကို ဒီကနေ့ သွားရောက် ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ဒေါက်တာ တင်မြင့်ဦးက ပြောကြားသည်။

ယခု ရခိုင်စစ်ဘေးရှောင်များသို့ လှူဒါန်းမှုသည် ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီ တို့ ဦးဆောင်သော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူမှု အဖွဲ့အစည်း ဇန်နဝါရီ ဒုတိယပတ်က ကိုယ်တိုင် လာရောက် လှူဒါန်းပြီးနောက် ဒုတိယ အကြိမ်မြောက် ရိုးမအရှေ့ခြမ်းမှ အလှူ ဖြစ်ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...