ကြေးကွင်းပတ်ကယန်းအမျိုးသမီးများ၏ ရိုးရာဈေးတန်းတွင် လာရောက်လည်ပတ်သူနည်းလာ

ကြေးကွင်းပတ်ကယန်းအမျိုးသမီးများ၏ ရိုးရာဈေးတန်းတွင် လာရောက်လည်ပတ်သူနည်းလာ

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ပန်ပက်ကျေးရွာရှိ ကြေးကွင်းပတ်ကယန်း အမျိုးသမီးများ၏ ရိုးရာဈေးတန်းတွင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှု လျော့နည်းလာသည်ဟု သိရပါသည်။

” အဲဒါတော့ နိုင်ငံခြားသား စိတ်မဝင်စားတော့ဘူးလားမသိ။ ဘားမှစိတ်ထဲမှာ မရှိဘူးပဲကော၊ ပြည်တွင်း လာရင်ဝယ်တယ်။ နိုင်ငံခြားသားတော့ ဒီလိုဘဲ လာလေ့လာတယ်။ ဓာတ်ပုံလာရိုက်တယ် ဒါဘဲရှိတာပေါ့” ဟု ဒေသခံတစ်ဦးဖြစ်သူ ဒေါ်အယ်ရိုးက ပြောပြသည်။

ကြေးကွင်းပတ်ကယန်း အမျိုးသမီးများ၏ ရိုးရာဈေးတန်းကို ဒေသခံရွာသူရွာသားများက ကိုယ်ထူကိုယ်ထဖြင့် ခရီးသွားများ လည်ပတ်နိုင်ရေးအတွက် လွန်ခဲ့သည့် (၃)နှစ်ခန့်ကစတင် ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

ဒေသခံအချို့သည် တနိုင်တပိုင်ကိုယ်ပိုင်ထုတ်ကုန်များကို ရောင်းချကြသည်ဖြစ်သည့်အတွက် ယခုလို ခရီးသွားဧည့်သည်များ နည်းပါးလာသည့်အတွက် ဒေသခံပြည်သူများ၏ ထုတ်ကုန်များ ရောင်းအားကျဆင်းလာပြီး စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်လာရကြောင်းသိရသည်။

ရိုးရာဆိုင်ခန်းများ စတင်ဖွင့်လှစ်ခဲ့သည့် ရည်ရွယ်ချက်မှာ ကြေးကွင်းပတ်ကယန်းအမျိုးသမီးများ ရိုးရာဓလေ့မပျောက်သွားစေရန်နှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရိုးရာဆိုင်ခန်းဖွင့်လှစ်နေသည့် မဟယ်လင်က ပြောပါသည်။

“ကြေးကွင်းပတ်ကယန်းအများစုက ထိုင်းမှာပဲသွားနေကြတယ်။ အခုတော့ ဒီမှာလည်းပြန်ရှိလာကြပြီပေါ့။” ဟု မဟယ်လင်က ပြောပါသည်။

ယခင်က ကြေးကွင်းပတ်ကယန်းအမျိုးသမီးအများစုသည် ထိုင်းနိုင်ငံတွင် အသက်မွေးဝမ်းကြောင်း သွားရောက်လုပ်ကိုင်ကြပြီး ယခုလို ရိုးရာဈေးတန်းများဖွင့်လှစ်ပြီးနောက် အချို့သော ကြေးကွင်းပတ် ကယန်းအမျိုးသမီးများက ပန်ပက်ကျေးရွာအုပ်စုတွင် ပြန်လာနေထိုင်ကြသည်ဟု သိရသည်။

ယခုကဲ့သို့ ခရီးသွားလုပ်ငန်းတစ်ခုဖြစ်သည့် ပန်ပက်ကျေးရွာအုပ်စုတွင် ခရီးသွားဧည့်သည်များ စိတ်ဝင်စားနိုင်မည့်အရာများကို သက်ဆိုင်ရာ အစိုးရမှ အသိအမှတ်ပြုပြီး လိုအပ်သည့် နည်းပညာများ၊ ရိုးရာဓလေ့ ယဉ်ကျေးမှု မြှင့်တင်သည့်လုပ်ငန်းများ၊ အထောက်အပံ့များ ဆောင်ရွက်ပေးရန် ဒေသခံများက အလိုရှိနေကြသည်။

ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...