ဆင်ခြေထောက်ရောဂါ ကူးစက်ခြင်း မဖြစ်ပွားရန် ဒုက္ခသည်စခန်းတွင် ကြိုတင်ကာကွယ်မူများ ပြုလုပ်နေ

ဆင်ခြေထောက်ရောဂါ ကူးစက်ခြင်း မဖြစ်ပွားရန် ဒုက္ခသည်စခန်းတွင် ကြိုတင်ကာကွယ်မူများ ပြုလုပ်နေ
ရောဂါလာရောက်စစ်ဆေးခံကြသည့် ပြည်သူများအချို့ ပုံ…ခူးဖရဲရယ်
ရောဂါလာရောက်စစ်ဆေးခံကြသည့် ပြည်သူများအချို့ ပုံ…ခူးဖရဲရယ်

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်းတွင် ခြင်ခြေထောက်ရောဂါ ကူးစက်ခြင်း မဖြစ်ပွားအောင် ကြိုတင်ကာကွယ်သည့်အနေဖြစ် ယနေ့ မတ်လ ၂၀ရက်နေ့တွေ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ရှိ ဆေးရုံကြီးမှ ဆရာဝန်များတွင် ကိုယ်တိုင်လာရောက် စစ်ဆေးမှုကို ပြုလုပ်ခဲ့သည်။

ခြင်အမျိုးအစားထဲက (ဆင်ခြင်)ဟု ခေါ်သည့် အရွယ်အစားကြီးသော ခြင်တစ်မျိုး၏ ကိုက်ခြင်းမှ ဖြစ်ပေါ်လာသော ရောဂါတစ်မျိုးဖြစ်သည်။ ၎င်းရောဂါ အမျိုးအစားသည် များသောအားဖြင့် မသန့်ရှင်းသောရေများနှင့် အညစ်အကြေးရှိသောနေရာများတွင် တွေ့ရှိနိုင်ပါသည်။ ထို့အတူ မြို့နှင့်ဝေးလံခေါင်ဖျားေသောနသော ရွာများတွင် ပိုပြီးဖြစ်ပွားနေသည်ကို တွေ့ရှိရေကြောင်း သိရသည်။

“စခန်းထဲမှာ နေတဲ့ လူတွေက ပုံမှန်ကာကွယ်ဆေး ထိုးဖြစ်တယ်။ အဲ့ကြောင့် ကျမတို့ဆီမှာ ဆင်ခြေထောက်ရောဂါဆိုတဲ့ လက္ခဏာက ရှာမတွေ့ပါဘူး။ အများအားဖြင့် ဒီရောဂါမျိုးဟာ ဆေးခန်းနဲ့ ဝေးနေတဲ့ ရွာတွေမှာပဲ ပိုဖြစ်များတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့မှာ ကာကွယ်ဆေးမထိုးခဲ့ဘူးလေး။ ကူးစက်ဖို့ ပိုမြန်တာပေါ့။”ဟု ကရင်နီကျန်းမာရေးဌာန လက်အောက်ရှိ ဆေးခန်း တာဝန်ခံ ဆရာမယ်မိုက ပြောသည်။

ခြင်ကိုက်ခြင်း ခံရသော လူတစ်ဦးသည် တစ်ပတ်အတွင်း ရောဂါလက္ခဏာကို မတွေ့ရှိနိုင်သေးပါ။ တစ်လနှစ်လ ကြာမှသာလျှင် ဤရောဂါလက္ခဏာကို တွေ့ရှိနိုင်သည်ဟု သိရသည်။ ထို့နောက် ဆင်ခြေထောက်ရောဂါသည် ခြင်မှတစ်ဆင့် ငှက်ဖျားရောဂါမျိုး ကူးစက်နိုင်ပါသည်။

ဆင်ခြေထောက်ရောဂါ ကူးစက်ခံရသော လူနာတစ်ဦးသည် ဆေးခန်း (သို့မဟုတ်) ဆေးရုံကြီးသို့ သွားရောက်ကုသမူ မပြုလုပ်ပါက ကာလကြာရှည်လျှင် ဆိုးရွားပြီး အသက်ပါ ဆုံးရှုံးနိုင်သည်ဟု သိရသည်။ ကြိုတင်ကာကွယ်ရန်အတွက် စစ်ဆေးခြင်းပြုလုပ်ရာမှာ ကရင်နီအမှတ်(၁) ဒုက္ခသည်စခန်းအတွင်းတွင် နေထိုင်သောလူထုများတွင် ဆင်ခြေထောက်ရောဂါ လက္ခဏာ ကူးစက်ခံရသော လူနာများ မရှိဟု ကရင်နီကျန်းမာရေးဌာနမှ သိရသည်။

“ဒီလိုမျိုး ခေါ်ပြီး စစ်ဆေးမူလုပ်တာ စခန်းမှာရှိတဲ့ လူထုတွေက စိုးရိမ်ကြတယ်။ ကျမတို့ဘက်လည်း သူတို့ကို ကြိုတင်အသိပေးတာမျိုး မလုပ်နိုင်ခဲ့ဘူး။ ဘာဖြစ်လဲဆိုတော့ ဆရာဝန်တို့ဘက်ကလည်း ရုတ်တရက် လာပြီးလုပ်သွားတော့ အခုလို စိုးရိမ်မူတွေဖြစ်နေတာပေါ့နော်။ ဆေးခန်းရောက်မှပဲ သူတို့ကို ရှင်းရှင်းလင်းလင်း ပြောပြတယ်ပေါ့နော်။”ဟု ဆရာမမယ်မိုက ဆက်ပြောသည်။

၎င်းပြုလုပ်သည့် ကြိုတင်ကာကွယ်မူ အစီစဉ်တွင် စခန်းအတွင်းရှိ ပြည်သူများအားလုံးကိုခေါ်၍ စစ်ဆေးခြင်း မပြုလုပ်ပဲ ကိုယ်စားလှယ်အနေဖြင့် ကလေး၊ လူငယ်နှင့် လူကြီးများ စုစုပေါင်းလူဦးရေ ၄၀၀ နီးပါးကို စစ်ဆေးသွားခဲ့ကြောင်း သိရသည်။

ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...