ရခိုင်ပြည်နယ် အလံလွှင့်ထူသည့်နေအိမ်များ ခံဝန်ကတိရေးထိုးရမည်ဟု ညွှန်ကြား

ရခိုင်ပြည်နယ် အလံလွှင့်ထူသည့်နေအိမ်များ ခံဝန်ကတိရေးထိုးရမည်ဟု ညွှန်ကြား

ရခိုင်ပြည်နယ် အတွင်း ရခိုင်ပြည်နယ်အလံလွှင့်ထူခဲ့သည့် နေအိမ်များကို အလံများကို ဖြုတ်ချရန်နှင့် ခံဝန်ကတိ ရေးထိုးရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်မှ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား မတ်လ ၁၆ ရက်နေ့က ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများသို့ ညွှန်ကြားစာထုတ်လိုက်ပြီ သတင်းရရှိသည်။

အလံဖြုတ်ချရန် ခံဝန်ကတိ ရေးထိုးရန် ညွှန်ကြားခံရသည့် နေအိမ်များမှာ မြောက်ဦးမြို့ အောင်တပ် ရပ်ကွက်မှ နေအိမ် (၇) အိမ်၊ လောဂမူရပ်ကွက်မှ နေအိမ် (၂၀) အိမ်နှင့် တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာအုပ်စု၊ ဆားပြင်ရွာ အောက်ပိုင်းမှ နေအိမ် (၂) လုံးတို့ ဖြစ်ကြသည်။

၎င်းနေအိမ်များသည် (၃-၃-၂၀၁၉) ရက်နေ့တွင်တစ်ပြိုင်တည်း ရခိုင်ပြည်နယ်အလံအား လွှင့်ထူခဲ့ကြောင်း စိစစ်တွေ့ရှိရသောကြောင့် ကျေးရွာများရှိ နေအိမ်များတွင် ရခိုင်ပြည်နယ် အလံလွှင့်ထူသော ဖြစ်စဉ်သည် ရာဇသတ်ကြီး အခန်း (၆) ၊ ပုဒ်မ ၁၂၁ ၌ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရကို ဆန့်ကျင် ကျူးလွန်သော ပြစ်မှုအား ကျူးလွန်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အား ဆန့်ကျင်သည့် အဖွဲ့အစည်း၏ နိုင်ငံတော်အား ဖြိုဖျက်ရန် အခြားနည်းလမ်း တစ်ခုခုဖြင့် ပြင်ဆင်ဆောင်ရွက်မှုတွင် လှုံ့ဆော်မှု တစ်ရပ်အနေဖြင့် သိရှိဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါကြောင်း ဖောက်ဖျက်ကျူးလွန်သူများအား အုပ်ချုပ်ရေး အဖွဲ့အစည်းမှ အရေးယူဆောင်ရွက်ရမည် ဖြစ်ပါကြောင်း စာထဲတွင် ပါရှိသည်ဟု သိရသည်။

(၁၄-၃-၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်သော ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖြစ်ကြောင်း သိရသည်။

၎င်းအစည်းအဝေး ဆုံးဖြတ်ချက် အရ အလံများအား ဖြုတ်ချရေးနှင့် မဖြုတ်ချပါက ဥပဒေပုဒ်မ ၁၂၁ နှင့် ငြိစွန်းကြောင်း ဥပဒေအား ရှင်းပြရန်နှင့် ခံဝန်ကတိ ရေးထိုးရန်နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများမှ အမြန်ဆုံးဆောင်ရွက်ရန်ဟု ပါရှိသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...