ပန်းမြောင်းမှ လူ ၄ ယောက်ကို တပ်က ခေါ်ဆောင်သွား

ပန်းမြောင်းမှ လူ ၄ ယောက်ကို တပ်က ခေါ်ဆောင်သွား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှ လူ ၄ ဦးကို မတ်လ ၁၉ ရက် ညနေပိုင်းက စစ်တပ်မှ ခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

ခေါ်ယူခံရသူများမှာ ပန်းမြောင်းရွာသစ်မှာ ဦးစောတင်မောင်နှင့် ဒေါ်တင်တင်ဝင်းတို့သား ၂၃ နှစ်အရွယ် စောဝင်းနိုင် (ပန်းထိမ်ဆရာ)နှင့် စိတ်မနှံ့သူ မောင်မြင့်နိုင် (၃၀) နှစ်ဖြစ်ကြပြီး နောက်ထပ် ၂ ဦးမှာ မြိုချောင်ကျေးရွာမှ ဦးမောင်လှသာနှင့် ဒေါ်မခင်ရွှေသား အသက် ၃၀ အရွယ် ဦးခင်မောင်နှင့် ဦးနှင်းသာထွန်းနှင့် ဒေါ်ခင်ခင်လှ တို့၏သား ကျော်အေးမောင် (၂၀)နှစ်တို့ ဖြစ်ကြသည်။

ပန်းမြောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက “ ကျွန်တော်ဆီလာတိုင်က ၄ ဦးပါ။ ပန်းမြောင်းရွာသစ်က ၂ ဦးနဲ့ မြိုချောင်းက ၂ ဦး၊ စုစုပေါင်း ၄ ဦး ဖြစ်ပါတယ်။ မနေ့ ရွာသား ၂၀၀ လောက်ကို စစ်ကြောင်းက ခေါ်ယူစစ်ဆေးပြီးနောက် သူတို့ ၄ ဦးကို မနေ့ည ၄ နာရီလောက်ကတည်းက ခေါ်ဆောင်သွားတာပါ” ဟု ပြောကြားသည်။

ယမန်နေ့က တပ်မတော် စစ်ကြောင်း တစ်ခုသည် ပန်းမြောင်းရွာထဲသို့ ဝင်ရောက်လာပြီး သေနတ်များ ပစ်ခတ်ခဲ့ကြောင်း၊ ကျေးရွာသား ၂၀၀ ခန့်ကို စာသင်ကျောင်း နေပူပြင်တွင် စုထားပြီး ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ ၎င်းနောက် ရွာသားများအားလုံးကို ပြန်လွတ်ပေးလိုက်ကာ လူ ၄ ဦးခေါ်ဆောင် သွားခဲ့သည်ဟု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ စောဝင်းနိုင်၏ မိခင် ဖြစ်သူ ဒေါ်တင်တင်ဝင်းက “ ကျွန်မသားကို အေအေဆိုပြီး စွပ်စွဲပါတယ်။ ကျွန်မသားက ပန်းထိမ်ဆိုင်ဖွင့်ပြီး ပန်းမြောင်းဈေးမှာ အလုပ်လုပ်နေသူပါ။ သူက စစ်တပ်လာတော့ ဆိုင်က ရွှေထည်တွေကို သိမ်းပြီး ဆိုင်ကယ် ဘောက်စ်မှာ သိမ်းနေတုန်း အေအေဆိုပြီး သေနတ်နဲ့ ပစ်တဲ့ အတွက် ထွက်ပြေးတာပါ။ နောက်သူကို ဖမ်းမိသွားပြီး ကျွန်မက ရွှေတွေကို မေးတော့ ဆိုင်ကယ်ဘောက်စ်မှာ သိမ်းထားတယ်လို့ ပြောတော့ သွားကြည့်တော့ ရွှေတွေ မရှိတော့ဘူး။ စစ်သားတွေက ပြောပါတယ်။ သူတို့မယူဘူး။ သူတို့နဲ့ မဆိုင်ဘူးလို့ ပြောပါတယ်။ ကျပ် သိန်း ရာနဲ့ချီပြီးရှိတဲ့ ရွှေထည်တွေ ပျောက်ဆုံးသွားပါတယ်။ ကျွန်မသားကိုလည်း အေအေဆိုပြီး ခေါ်ယူသွားပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ဒေါ်တင်တင်ဝင်းအနေဖြင့် သူမ၏ သားမှာ တန်ဆောင်မုန်းလအတွင်းက မင်္ဂလာဆောင်ခဲ့သူ ဖြစ်ပြီး တစ်စုံတစ်ရာ ရက္ခိုင့်တပ်မတော် (AA) နှင့် ပတ်သက်မှု မရှိကြောင်း ပြောဆိုသော်လည်း ပြန်မလွတ်ဘဲ ခေါ်ဆောင်သွားကြောင်း ၎င်းက ပြောကြားသည်။

တပ်ဘက်သို့ မေးမြန်းရန် အခက်အခဲရှိသဖြင့် ၎င်းလူ ၄ ဦးနှင့် ပတ်သက်ပြီး မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

Most read this week

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...