ဘူးသီးတောင်မြို့နယ် ကွမ်းတောင်ရွာနှင့် စပါးထားရွာအကြားတိုက်ပွဲဖြစ်

ဘူးသီးတောင်မြို့နယ် ကွမ်းတောင်ရွာနှင့် စပါးထားရွာအကြားတိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကွမ်းတောင်ရွာနှင့် စပါးထားကျေးရွာအကြား ကားလမ်းပေါ်တွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ယနေ့ နံနက်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“ တိုက်ပွဲဖြစ်ပွားတာက နံနက် ၈ နာရီကျော်ကနေ ၁၀ နာရီထိ ဖြစ်ပွားပါတယ်။ လက်နက်ကြီး လက်နက်ငယ်တွေ အသံကို ကြားရပါတယ်။ ဖြစ်တဲ့ နေရာက စပါးထားရွာက ၄ ဖာလုံ အကွာ၊ ကွမ်းတောင်ရွာက ၄ ဖာလုံအကွာ ကားလမ်းပေါ်မှာ ဖြစ်ကြတာပါ” ဟု ကွမ်းတောင်ရွာသား တစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

တိုက်ပွဲမှာ ပြင်းထန်ကြောင်း၊ ရွာသားများ အနေဖြင့် ကြောက်၍ ထွက်ပြေးသွားကြကြောင်း ၎င်းက ပြောကြားသည်။

“ ရွာက လူပေါင်း ၄၇ ယောက် စေတီတောင်ရွာဘက်ကို ထွက်ပြေးသွားကြပါတယ်။ တိုက်ပွဲဖြစ်တော့ ကြောက်နေကြပါတယ်။ တစ်ခုခု ဖြစ်မှာကိုတော့ စိုးရိမ်တာပေါ့” ဟု ၎င်းက ပြောဆိုသည်။

စပါးထားကျေးရွာသား တစ်ဦးသို့ ဆက်သွယ်ရာ ရွာသား တစ်ဦးက “ စပါးထားနဲ့ ကွမ်းတောင်အကြားမှာ မင်းတပ်တောင်ဆိုတာ ရှိပါတယ်။ အဲဒီမှာ ဖြစ်ကြတာပါ။ တစ်နာရီကျော် ဖြစ်ကြပါတယ်” ဟု ပြောကြားသည်။

ယခုအခါ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေ၍ တောင်တောင်ကို မှီခို လုပ်ကိုင် စားသောက်နေသူများအနေဖြင့် မသွားဝံ့၊ မလာဝံ့ ဖြစ်နေ၍ စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း ၎င်းက ပြောကြားသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...