တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား ဆိုင်ကယ်လဲကျပြီး ဆေးရုံတင်ရ

တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား ဆိုင်ကယ်လဲကျပြီး ဆေးရုံတင်ရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ၊ အထက (၇)တွင် စာမေးပွဲ ဖြေဆိုရန် ဆိုင်ကယ်ဖြင့် လာသည့် ရာတန်ကျေးရွာမှ ကျောင်းသားတစ်ဦးသည် ယနေ့ နံနက် ၈ နာရီခန့်က လမ်းတွင်ဆိုင်ကယ်လဲကျပြီး အနာတရ ဖြစ်သွားသဖြင့် ဆေးရုံတွင် စာမေးပွဲ ဖြေဆိုနေရသည်ဟု သတင်းရရှိသည်။

၎င်းကျောင်းသား မှာ စစ်တွေမြို့နယ်၊ ရာတန်ကျေးရွာမှ ဦးဘသန်းချေနှင့် ဒေါ်အေးနုတို့၏သား မောင်နေအောင်မင်း ဖြစ်သည်။

၎င်းသည် စာမေးပွဲ ဖြေဆိုရန် သွားရောက်စဉ် ဆီကားတစ်စီးမှ ဆီများလမ်းပေါ်တွင် ကျကျန်ခဲ့ရာမှ ၎င်းဆီကြောင့် ဆိုင်ကယ် လဲကျပြီး ရင်ဘတ်ကို ဆောင့်ထိခဲ့သည်ဟု ရခိုင်ပြည်နယ် ပညားရေးဌာန ဒုပြည်နယ်မှူး ဦးစိန်ထွန်းလှက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

“ဟုတ်ပါတယ်။ ဖြစ်တာက ၉နာရီ ထိုးဖို့ မိနစ် ၂၀ လောက်မှာဖြစ်တာပါ။ လမ်းမှာ ဆီးကားတစ်စီးက ဆီတွေ ထွက်ကျကျန်ခဲ့တာ၊ သူကဆိုင်ကယ်နဲ့လာတော့ အဲ့ဒီနားအရောက်မှာ ဆီနဲ့ ချောပြီး ဆိုင်ကယ် လဲကျ ခဲ့တာပါ။

ဆိုင်ကယ်လဲကျတဲ့ အချိန်မှာ ရင်ဘတ်က မြေကြီးနဲ့ ဆောင့်ကျတော့ အောင့်သွားတာ ဖြစ်မယ် စကားမပြောနိုင်ဘူး။ ကျနော်ကိုယ်တိုင် ကားနဲ့ ဆေးရုံလိုက်ပို့ပေးခဲ့တာပါ” ဟု ၎င်းကဆိုသည်။

မောင်နေအောင်မင်း ဖြေဆိုမည့် ခုံနံပတ်မှာ ဒစလ ၃၇၀ ဖြစ်ပြီး သိပ္ပံအတွဲ ရူပဗေဒဘာသာရပ် ဖြေဆိုရန် လာရောက်စဉ် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မြို့နယ်ပညာရေးမှူး ဦးသန်းကျော်က “ကလေးစာမေးပွဲဖြေဆိုနိုင်ရေး အတွက် ကျနော်တို့က ဆေးရုံမှာ အားလုံး စီစဉ် လုပ်ပေးထားပါတယ်။ ဆေးရုံမှာ စာမေးပွဲဖြေဖို့ အခန်းစောင့် ဆရာမ၊ ကြီးကြပ်ရေးမှူး နောက်ပြီးတော့ စာရေးပေးနိုင်အောင် ကိုးတန်းကျောင်းသားလေး တစ်ယောက်ပါ အဆင်အသင့် ခေါ် ပေးထားပါတယ်”ဟု ဆိုသည်။

မောင်နေအောင်မင်း အစ်မဖြစ်သူက “ စာမေးပွဲဖြေဆိုမယ့် အချိန်ဆိုတော့ မောင်လေးက ပထမတော့ စိတ်လောကြီးနေတယ်၊ စိုးရိမ်ပြီး စိတ်ရှုပ်နေတယ်။ ပြီးတော့ နာလည်း နာနေတော့ စကားမပြောနိုင်ဘူး၊ အခုတော့ နည်းနည်းသက်သာလာလို့ ဆေးရုံမှာစာဖြေနေပါပြီး” ဟု ပြောသည်။

 

 

Most read this week

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...