ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဗုဒ္ဓေါရွာသား ၃၀၀ နီးပါး နီးစပ်ရာကို ထွက်ပြေး

ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဗုဒ္ဓေါရွာသား ၃၀၀ နီးပါး နီးစပ်ရာကို ထွက်ပြေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ၊ ဗုဒ္ဓေါကျေးရွာအနီးဝန်းကျင်ရှိ တောင်တန်းများကို မြန်မာ့ အစိုးရတပ်မတော်မှ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဗုဒ္ဓေါရွာသား ၃၀၀ နီးပါးခန့်သည် နီးစပ်ကျေးရွာများသို့ ထွက်ပြေးခဲ့ကြရသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

“ မနေ့ စစ်တပ်က ရဟတ်ယာဉ် နှစ်စီးနဲ့ မွန်းလွဲ ၂ နာရီမှာ တစ်ကြိမ်၊ ညနေ ၄ နာရီကျော်မှာ တစ်ကြိမ် နှစ်ကြိမ်တိတိ တိုက်ခိုက်ပါတယ်။ ဗုံးတွေချတယ်။ စက်သေနတ်တွေပစ်ပါတယ်။ ကျွန်တော်တို့က ကြောက်ပြီး ရွာထဲမှာ ခေါင်းမဖော်ဝံ့ဘူး။ ဗုံးကျင်းမှာ ပုန်းအောင်းနေကြပါတယ်။ အဲဒီတိုက်ခိုက်မှု အတွင်း ရွာမြောက်ပိုင်း ဦးလှထွန်းစိန် အိမ်ကကျည်ကျပြီး ခေါင်းမိုး ပွင့်ထွက်သွားပါတယ်။ နောက်တစ်အိမ် ဖြစ်တဲ့ ဦးသိန်းထွန်းလှ အိမ်က နည်းနည်း ပျက်စီးသွားပါတယ်” ဟု ဗုဒ္ဓေါရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှိုင်က နိရဉ္စရာသို့ ပြောကြားသည်။

ထိုသို့ ရွာအနီးထိ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသဖြင့် ရွာသားများအနေဖြင့် အနီးအနားရှိ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်ဟု သူက ပြောသည်။

“ အခု ယိုးတရုပ်ကျေးရွာက ပင်မ ဘုန်းတော်ကြီးကျောင်းမှာ ယောင်္ကျား၊ မိန်းမ၊ ကလေး ၂၆၀ ရောက်ရှိနေပါတယ်။ တစ်ခြားရွာတွေကိုလည်း ရောက်သွားတဲ့ သူတွေရှိပါတယ်။ ရွက်ညိုးတောင်ကို လူပေါင်း ၃၀ လောက်ရောက်သွားသလို မော်ရွာတို့ ဆောင်းတူတို့ကိုလည်း ရောက်သွားတာ ရှိပါတယ်။ ယောင်္ကျား တစ်ချို့တော့ အိမ်စောင့်ပြီး ရွာမှာ ကျန်ခဲ့ပါတယ်” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ၊ ဗုဒေါ္ဓကျေးရွာအနီးဝန်းကျင်တွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား မတ်လ ၆ ရက်နေ့မှ စတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ မတ်လ ၁၁ ရက်မှ စတင်ပြီး တပ်ဘက်က ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၁၂ ရက်နေ့မှာ အပြင်းထန်ဆုံး ဖြစ်ပြီး စစ်ရဟတ်ယာဉ်များဖြင့် နှစ်ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်ခဲ့သည့် နေရာများမှာ ဆင်သီ၊ ဗုဒ္ဓေါရွာနှင့် အထက်မြတ်လှဲအကြား တောတောင် နေရာများ ဖြစ်ကြောင်း၊ ယမန်နေ့က ၎င်းနေရာ အနီးတဝိုက်ရှိ နေရာ သုံးနေရာအား စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တစ်ကြိမ် တိုက်လျှင် ၂၅ မိနစ်ခန့်ကြာပြီး ၂ ကြိမ် သုံးကြိမ်ဝဲကာ ဗုံးကြဲချပြီး စက်သေတ်ဖြင့် ပစ်ကြောင်း ဆင်သီကျေးရွာသား တစ်ဦးကလည်း ပြောကြားသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...