ကျောက်တော်မြို့နယ်မှ မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့်ဖမ်းဆီးခံထားရသူ ၄ ဦးအနက် ၂ ဦးပြန်လည်လွတ်မြောက်

ကျောက်တော်မြို့နယ်မှ မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့်ဖမ်းဆီးခံထားရသူ ၄ ဦးအနက် ၂ ဦးပြန်လည်လွတ်မြောက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့်ဖမ်းဆီးခံထားရသူ ၄ ဦးအနက် ၂ ဦးမှာ ယနေ့ ညနေပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာသူများမှာ သရက်တပင်ကျေးရွာမှ မဟာနွယ် ကိုယ်ပိုင်အထက်တန်း ကျောင်းပိုင်ရှင် ဦးကျော်ကျော်ညွန့်နှင့် မဟာမုနိကျေးရွာမှ ဦးသန်းထွန်းတို့ဖြစ်ပြီး သူတို့သည် မတ်လ ၁၂ ရက်နေ့ ညနေ ၂ နာရီခန့်တွင် ကျောက်တော်မြို့မရဲစခန်းမှ လွတ်မြောက်လာခြင်းဖြစ်သည်။

"အပြစ်မရှိလို့ ပြန်လွတ်လာတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နစ်နာတာကတော့ မရှိပါဘူး။ ကျောင်းသားတွေ စိတ်မကောင်းဖြစ်ရတာတွေ၊ မိသားစုဝင်တွေ စိတ်မကောင်းဖြစ်ရတာတွေ၊ နောက်ပြီး သူ့မှာ အလုပ် အကိုင်တွေ လစ်ဟင်းသွားတာတွေတော့ရှိတာပေါ့။"ဟု ပြန်လည်လွတ်မြောက်လာသူ မဟာနွယ် ကိုယ်ပိုင်အထက်တန်း ကျောင်းပိုင်ရှင် ဦးကျော်ကျော်ညွန့်၏အစ်မ မသန်းသန်းက နိရဉ္စရာကို ပြောသည်။

ယခုလွတ်မြောက်လာသူ နှစ်ဦးအပါအဝင် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှ မောင်ချမ်းအေးနှင့် မဟာမုနိကျေးရွာမှ ဦးအေးကျော်သန်း၊ ပေါင်း ၄ ဦးသည် မတရားအသင်းနှင့် ဆက်သွယ်သည်ဟုဆိုကာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ကျောက်တော်မြို့မ ရဲစခန်းတွင် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)(၂)တို့ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံနေရဆဲဖြစ်သည့် ဦးအေးကျော်သန်းနှင့် ဦးမောင်ချမ်းအေးတို့ နှစ်ဦးကို ချုပ်ရမန်ရယူကာ ကျောက်တော်မြို့မရဲစခန်းတွင် စစ်ဆေးနေဆဲဖြစ်သည့်အတွက် ပြန်လွတ်လာခြင်းမရှိသေးပေ။

ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့မရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ် မရခဲ့သောကြောင့် သရက်တပင်ရဲစခန်းအားဆက်သွယ်ရာ စခန်းမှူး ရဲအုပ် မင်းသိန်းစိုးက ယခုကိစ္စကို မသိရှိဟုဖြေဆိုသည်။

ကျောက်တော်မြို့နယ်မှ ဒေသခံလေးဦးကို ဖမ်းဆီးလိုက်သည့်နေ့တွင်ပင် မြောက်ဦးမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူးလေးဦးနှင့် ဒေသခံတစ်ဦးတို့ကို မတရားအသင်းအက်ဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့သော်လည်း သက်သေမခိုင်လုံ၍ မတ်လ ၈ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...