ညောင်ချောင်းနယ်ခြားစောင့်စခန်းအနီး ဖြစ်စဉ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

ညောင်ချောင်းနယ်ခြားစောင့်စခန်းအနီး ဖြစ်စဉ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်ခြားစောင့်စခန်းအနီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ အုတ်ဖို (အိုးဖောက်) ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးသည် ညောင်ချောင်းနယ်မြေရုံးသို့ သွားလာလူပ်ရှားနေစဉ် ညနေ ၆ နာရီ မိနစ် ၂၀ ခန့်တွင် မေယုမြစ်နှင့် ကာဒီချောင်းဆုံရာ အနီး အရောက် မျက်နာချင်းဆိုင်ဘက် စက်လှေ အကြီးတစ်စီးဖြင့် ရောက်ရှိလာသည့် AA အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ရဲတပ်ဖွဲ့ဝင်များ၏ စက်လှေကို ဝင်တိုက်ခဲ့သည်ဟု ဖော်ပြသည်။

ထိုသို့ ဝင်တိုက်သဖြင့် လိုက်ပါလာသည့် စက်လှေမှာ နစ်မြုပ်သွားပြီး ရဲတပ်သားတစ်ဦးမှာ ဒဏ်ရာ ရရှိပြီး ရေနှင့် အတူ မျောပါသွားခဲ့ကြောင်း၊ ရေထဲနစ်မြုပ်သွားသည့် စက်လှေအတွင်း လက်နက်ငယ် သုံးလက်ပါရှိသွားကြောင်း၊ ကျန်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း ဖော်ပြထားသည်။

သတင်းထုတ်ပြန်ချက်ကို ကြေးမုံသတင်းစာတွင် ဖော်ပြရာတွင် ရသေ့တောင်မြို့နယ် ကာဒီချောင်းဟု ရေးသားဖော်ပြထားပြီး အမှန်မှာ ၎င်းချောင်းမှာ ဘူးသီးတောင်မြို့နယ် အတွင်း တည်ရှိသည့် ချောင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

ညောင်ချောင်းကျေးရွာမှ လူကြီး တစ်ဦးဖြစ်သူ ဦးရွှေမောင်က “ ညောင်ချောင်း သင်္ဘောဆိပ်ဘက်ကဘဲ သေနတ်သံတွေ စကြားရတယ်။ ညနေ ၆ နာရီ ကျော်နေပါပြီ။ နောက် စခန်းဘက်ကလည်း ပစ်ခတ်သံတွေကြားရတယ်။ မိနစ် ၂၀ လောက် ပစ်ခတ်ပြီး ငြိမ်သွားတယ်။ စခန်းကို သိမ်းတာတော့ မဟုတ်ပါဘူး။ အပြင်ဘက်ကဘဲ ပစ်သံကြားရပါတယ်။ ညောင်ချောင်းရွာထဲက လူတွေက ဘယ်သူမှ အပြင်မထွက်ဘဲ ကြောက်ပြီး အိမ်ထဲမှာ ဘဲ နေထိုင်နေကြပါတယ်” ဟု ပြောကြားသည်။

ဒေသခံများ အပြောအရ ရသေ့တောင်မြို့နယ် အုတ်ဖို နယ်ခြား စခန်းကို ရုပ်သိမ်းပြီး ဘူးသီးတောင်မြို့နယ် ညောင်ချောင်း နယ်ခြားစောင့် စခန်းတွင် ပူးပေါင်းရန် စက်လှေဖြင့် လာရောက်စဉ် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် (AA) ပြောခွင့်ရသူ ခိုင်သုခအား ယနေ့ နံနက်က ဖုန်းဖြင့် ကဆက်သွယ်ရာ အဆက်အသွယ်မရရှိသေးပါ။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...