ယိုးတရုပ်ရဲစခန်း စီးနင်းခံရ၊ ရဲ ၉ ဦးသေပြီး ၂ ဦးလွတ်မြောက်ဟု သတင်းထွက်

ယိုးတရုပ်ရဲစခန်း စီးနင်းခံရ၊ ရဲ ၉ ဦးသေပြီး ၂ ဦးလွတ်မြောက်ဟု သတင်းထွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရဲစခန်း မတ်လ ၉ ရက် ညဉ့် ၁၁ နာရီကျော်အချိန်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး ၂ ဦးလွတ်မြောက်သွားကြောင်း ယိုးတရုပ် ဒေသခံများက ယနေ့နံနက်က ပြောကြားသည်။

“AA က စီးနင်းတိုက်ခိုက်တဲ့ အတွက် ရဲ ၉ ဦးကျတယ်လို့ သိရပါတယ်။ စခန်းမှူးနဲ့ တပ်ကြပ်တစ်ဦးတို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ ညဉ့် ၁၁ နာရီခွဲလောက်မှာ သေနတ်ပေါက်သံတွေ ကြားရပါတယ်။ ပစ်ခတ်သံက မိနစ် ၂၀ လောက်ဘဲကြာပါတယ်” ဟု ယိုးတရုပ်ကျေးရွာသား တစ်ဦးက ပြောကြားသည်။

ယခုအချိန် နံနက် ၇ နာရီထိအလောင်းများမှာ ရဲစခန်းတွင် ရှိနေသေးပြီး အလောင်းများကို စောင်များ အုပ်ထားကြောင်း ၎င်းက ပြောကြားသည်။

“ တပ်နဲ့ သက်ဆိုင်ရာက တာဝန်ရှိသူတွေ ရောက်တာတော့ မတွေ့ရသေးဘူး။ အခြေအနေက ဒီအတိုင်းဘဲ ရှိနေပါတယ်။ ရွာသားတွေက ခုလို တိုက်ပွဲမျိုး တစ်ခါမှ မကြားဖူးတော့ ကြောက်လန့် စိုးရိမ်နေကြပါတယ်” ဟု ယနေ့ နံနက် ၇ နာရီကျော်က ပြောကြားသည်။

အဆိုပါ ရဲစခန်းစီးနင်းခံရမှု သတင်းနှင့် ပတ်သက်ပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်အား ဆက်သွယ်မေးမြန်းရာ သူက “ ကျွန်တော်တို့ကြားတယ်ဗျာ။ ရွာသားတွေ ပြောတာက ရဲ ၉ ဦးကျတယ်လို့တော့ ပြောတယ်။ အတည်ပြုနိုင်ဖို့ ယိုးတရုပ်ကို ဖုန်းဆက်သွယ်ပေမယ့် ဖုန်းမရဘဲ ဖြစ်နေပါတယ်” ဟု ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။ မြို့နယ်ရဲစခန်းသို့ ဆက်သွယ်ရာတွင်လည်း အဆက်အသွယ် မရရှိသေးပါ။

ယိုးတရုပ်ကျေးရွာသည် ကျောက်တော်နှင့်ပုဏ္ဏားကျွန်းမြို့ အကြား စစ်တွေ- ရန်ကုန်ကားလမ်းဘေးတွင် တည်ရှိသည့် အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် ကျေးရွာ ကြီး တစ်ရွာဖြစ်သည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...